အတ္တမပါ ငါသည်သာ

in #poem8 years ago

အတ္တမပါ ငါသည်သာ


အဖော်ရှိရင် အဖော်နဲ့လျှောက်မယ်…
အဖော်မရှိရင် တစ်ယောက်တည်းလျှောက်မယ်…
ငါ့အနားမှာ ဘယ်သူမှမရှိလည်း ငါ ဝမ်းနည်းနေမှာ မဟုတ်ဘူး…
ဘာဖြစ်လို့လဲဆိုတော့ ငါ့အတွက်…
ငါရှိနေလို့ပဲ…

ဘဝမှာ ဘယ်လောက်သုခ၊ ဒုက္ခရှိမလဲ…?
ပတ်ဝန်းကျင်က ဘယ်လောက်ကဲ့ရဲ့၊ အထင်ကြီးမလဲ…?
လူတစ်ချို့က ဘယ်လောက်အထင်သေး၊ ချီးမွှမ်းကြမလဲ…?
ချစ်ရတဲ့သူတွေက ဘယ်လောက်ရက်စက်၊ မြတ်နိုးနိုင်မလဲ…?
ဒါတွေအားလုံး ခံနိုင်ရည်ရှိအောင် သင်ခန်းစာယူမှ ငါဟာ…
ရင့်ကျက်မှုတွေရမှာ…

ငါပြောလိုက်တဲ့ စကားလုံးတိုင်း…
ငါလုပ်လိုက်တဲ့ လုပ်ရပ်တိုင်းကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ…
ငါကိုယ်တိုင် တာဝန်ယူရဲရမယ်…
ဒါမှ ငါဟာ လူပီသတဲ့လူတစ်ယောက် ဖြစ်လာမှာ…

ငါ့ရဲ့ အတွေး…
ငါ့ရဲ့ စကား…
ငါ့ရဲ့ အလုပ်…
အရာအားလုံးဟာ ငါ့ရဲ့ ကိုယ်ကျင့်တရားပဲ…

ငါ့တန်းဖိုးကို ငါကိုယ်တိုင်ပဲ ကျဆင်းသွားအောင်လုပ်လို့ရသလို မြင့်တက်အောင်လည်း ငါတစ်ယောက်တည်းပဲ လုပ်နိုင်တယ်…
ဘယ်သူမှ ငါ့ဂုဏ်သိက္ခာကို ကျဆင်းသွားအောင် လုပ်လို့မရသလို ဘယ်သူမှလည်း မြင့်တင်မပေးနိုင်ဘူး…
ဒါကြောင့် ငါဟာ ဘယ်သူကိုမှ အပြစ်မြင်နေစရာ၊ အပြစ်တင်နေစရာ မလိုဘူး…
ငါ့ ဘဝက ငါ့လုပ်ရပ်မှာပဲရှိတယ်…
ငါ့ သမိုင်းက ငါ့အတိတ်မှာပဲရှိတယ်…
ငါ့ အနာဂတ်က ငါ့လက်ထဲမှာပဲ ရှိတယ်…
လှပသေသပ်အောင် ဘယ်လိုရေးဆွဲရမလဲဆိုတာ ငါ့အပေါ်မှာပဲ မူတည်ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.059
BTC 65998.10
ETH 1985.71
USDT 1.00
SBD 0.50