Facebook And Zombie

in #real6 years ago

Facebook နှင့်​ zombie များ

check in တခုတင်​လိုက်​သည်​ လူအများမသွားနိုင်​သည့်​ လည်​ပတ်​စရာ​နေရာတခုကို​ရောက်​​နေ​ကြောင်း
ဈေးကြီး​ပေးဝယ်​ထားသည့်​ အ​ကောင်းစားကင်​မရာဖုန်းနှင့်​ ဓာတ်​ပုံလှလှ​လေးများ ရိုက်​တင်​​ပေးလိုက်​သည်
ဘယ်​​လောက်​လှ​ကြောင်း ​ပျော်​စရာ​ကောင်း​ကြောင်း နတ်​ပြည်​​ရောက်​​နေသလိုပင်​ထင်​ရ​ကြောင်း အညွှန်းစာ​လေးလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ​ရေးတင်​​ပေးလိုက်​သည်
မကြာမှီ like comment share ​ပေါင်းများစွားဖြင့်​ နာမည်​ကြီး တဦးဖြစ်​လာ​ပေ​တော့သည်

ထို့အတူ သာမာန်​ရွက်​ကြမ်းရည်​ကြို အပြင်​တွင်​ ကြိုက်​မယ့်​လူရှား​သော မိန်းက​လေးများလည်း စိတ်​ဝင်​စား လူကြိုက်​များသူ တဦး facebook ​ပေါ်တွင်​ အလွယ်​တကူဖြစ်​နိုင်​သည်

အပြင်​​လောကတွင်​ အရာမ​ရောက်​​သော်​လည်း
Facebook အတုအ​ယောင်​​လောကတွင်​ နည်းလမ်းများစွာအသုံးပြု၍ အလွန်​အ​ရေးပါ​သောသူ အလွန်​ချမ်းသာ​သောသူ အလွန်​သုံးဖြုန်းနိုင်​​သောသူ အလွန်​ပညာတတ်​​သောသူ အလွန်​ကြီးမား​သော စီးပွား​ရေးလုပ်​ငန်းရှင်​ကြီး အလွန်​ဘာသာ​ရေး ကိုင်းရှိုင်းသူကြီး

စသဖြင့်​... အတုအ​ယောင်​ ကမ္ဘာတခုကို တက်​ညီလက်​ညီ ဖန်​တီးကြသည်​ မိမိတွင်​ရှိ​သော အ​ကောင်းဆုံးများသာ တင်​ပြကြသည်​ အစား​ကောင်းစားလျင်​တင်​သည်​ အဝတ်​​ကောင်းဝတ်​လျင်​ တင်​သည်​ ​နေရာ​ကောင်းသွားလျင်​တင်​သည်

ဘဝတွင်​ အ​ကောင်းဟူသမျှ စု​ဝေး​နေသ​ယောင်
အလွန်​​ပျော်​စရာ​ကောင်းပြီး လို တ ရ ​နေသ​ယောင်​ ဖန်​ဆင်းထားကြသည်

တကယ့်​ဘဝနှင့်​ အလွန်​ခြားနား​သော အတုအ​ယောင်​ စိတ်​ကူးယဉ်​ကမ္ဘာကို သူ့ထက်​ငါ အလုအယက်​ ဖန်းဆင်းပြကြသည်

facebook သည်​ ဆင်​ခြင်​ဥာဏ်​ အားနည်းသူ လူတစ်​ချို့ အဖို့ zombie virus သဖွယ်​ ဖြစ်​လာသည်
မိမိစိတ်​အလိုရမ္မက်​ကိုဖြည့်​စွမ်းသည်​တို့ကို ​နောက်​လူတို့ အားကျ​စေရန်​ ကြွားဝါပြသည်
နောက်​လူတို့သည်​လည်း အသည်းအသန်​ မိမိတို့​နောက်​မကျ​ကြောင်း ပြရန်​ ကြိုးစားကြသည်

စသဖြင့်​ ပို့စ်​များကိုမြင်​​သောသူတို့သည်​ အဆုံးမရှိ​သော virus ကူးစက်​ခံရ​တော့သည်​ ဖြန့်​ဝေရန်​ကြိုးစားကြ​တော့သည်

‌ဆိုင်​အသစ်​ဖွင့်​လျှင်​ သွားစားပြီး တင်​မည်
‌အဝတ်​အစားအသစ်​ဝယ်​လျှင်​တင်​မည်
‌လက်​ဝတ်​လက်​စား အသစ်​ဝယ်​လျင်​ တင်​မည်
‌ကားအသစ်​ဝယ်​လျှင်​တင်​မည်
‌​လျှောက်​လည်​လျှင်​ကြွားမည်
‌ဖုန်းအသစ်​ဝယ်​လျှင်​ ကြွားမည်
‌ဘုရားသွားလျှင်​တင်​မည်
‌အလှုလုပ်​လျင်​တင်​မည်
‌လူတိုင်းလူတိုင်း မိမိဘဝသည်​ အလွန်​ချမ်းသာ​ပျော်​ရွှင်​စရာများနှင့်​သာ ပြည့်​နှက်​​နေ​ကြောင်း အလုအယက်​ အပြိုင်​အဆိုင်​ ကြွားဝါ​နေကြသည်
‌မိမိကိုယ်​တိုင်​ Virus ကူးစက်​ခံရရုံမက လူအများကိုပါ ဖြန့်​​ဝေဖို့ တက်​ကြွစွာ ကြိုစား​နေကြသည်

‌လူကို ပျက်​စီး​စေ​သော ​စေတသိဟ်​ ၏ လှုံ​ဆော်​မှုတို့ အကုန်​လုံးပင်​ Facebook ​ပေါ်တွင်​ပြည့်​စုံစွာ ရှိ​ပေ၏

‌လူသည်​ ထင်​​ပေါ်လိုသည်
‌နာမည်​ကြီးလိုသည်
‌ကြွားဝါလိုသည်
‌အရာရာက်​လိုသည်
‌​ပျော်​​နေသည်​ဟု ​ထင်​​စေလိုသည်
‌ဂုဏ်​ရှိသည်​ဟု အထင်​ခံလိုသည်
‌အစား​ကောင်းစားလိုသည်
‌အဝတ်​​ကောင်းဝတ်​လိုသည်
‌ဖုန်းအ​ကောင်းစားကိုင်​လိုသည်
‌သူများထက်​အမြဲ သာလိုသည်
‌စသဖြင့်​ မ​ကောင်း​သော စိတ်​အလိုဆန္ဒတို့ကို Facebook၏ အတုအ​ယောင်​​လောကတွင်​ ဖြည့်​ဆည်းနိုင်​သည်

‌အပြင်​​လောကတွင်​ မိမိစားသည်​ကို လူ၁၀​ယောက်​ကို​ခေါ်ပြ၍ကြွားရန်​ ခက်​​သော်​လဲ Facebook ​ပေါ်တွင်​ လူ​ထောင်​ချီ၍ ကြွားနိုင်​သည်

‌ထိုသူ့ Wall ထဲတွင်​ ဝင်​ကြည့်​လျှင်​ ဘဝသည်​ ​ပျော်​စရာအတိ ဖြစ်​သည်

‌အစား​ကောင်းစား အဝတ်​​ကောင်းဝတ်​ ယဉ်​အ​ကောင်းစားစီး ​နေရာစုံ​လျှောက်​လည်​ ဂုဏ်​ရှိ​သော​နေရာတွင်​လဲသူ​ရောက်​ ပွဲလမ်းသဘင်​အခမ်းအနား အစုံမျက်​နှာပွင့်​ အလွန်​အားကျဖွယ်​ ဘဝ ပါလား

‌တကယ့်​ဘဝတွင်​ကား အစား​ကောင်းသည်​ ​နေ့တိုင်းမစားဖြစ်​ အဝတ်​​ကောင်း​နေတိုင်းမဝတ်​ဖြစ်​ ​နေတိုင်း​လျှောက်​လည်​၍ မဖြစ်​နိုင်​မှန်း စဉ်​စားလျှင်​ လူတိုင်းသိနိုင်​​ပေသည်​ သို့​ပေမယ့်​ ထိုအတုအ​ယောင်​ဘဝကို အားကျကြသည်
ရောဂါကို​ကျေ​ကျေနပ်​ကူးစက်​ခံရုံမက အခြားသူများကိုပါ ဖြန့်​​ဝေဖို့ မိမိပါ အတုအ​ယောင်​ဘဝကို ဇွတ်​ဖန်​တီး​တော့သည်

‌အကျိုးဆက်​အ​နေနှင့်​ကား လက်​​တွေ့ဘဝနှင့်​တဖြည်းဖြည်းကင်းကွာလာသည်​ ​ပျော်​စရာ​ကောင်းမည်​ထင်​​သော်​လည်း ပို၍ ပို၍ လိုချင်​တပ်​မက်​လာမှုများ မပြည့်​ဝနိုင်​၍
ပို၍ပို၍ စိတ်​ဆင်းရဲလာကြ၏

‌ပို၍ ​လောဘကြီးလာ၍ ပို၍ စိတ်​ဆင်းရဲရ​လေ၏

‌စိတ်​အလိုတို့ကို ဖြည့်​ဆည်းရန်​ မှန်​ မှား မဆင်​ခြင်​နိုင်​​တော့ပဲ နည်းမျိုးစုံသုံး၍ စိတ်​အလိုလိုက်​၏

‌မှားယွင်း​သော ​ဆောင်​ရွက်​မှုတို့၏ အကျိုးဆကိ​ကြောင့်​ ပို၍ ​ပျော်​ရွှင်​မလာပဲ ပို၍ စိတ်​ဆင်းရဲလာရ၏

‌အလိုမပြည့်​မှုတို့ များလာ၍ မိမိမဖြည့်​ဆည်းနိုင်​​သောအခါ ပတ်​ဝန်းကျင်​ကို ​ဒေါသထွက်​၏

‌မိဘတို့ကို ပြစ်​တင်​၏ လင်​​ယောင်္ကျားတို့ကို ငြူစူ၏

စစ်​တမ်းတခုတွင်​ လူ​တွေသည်​ Facebook ​ပေါ်တွင်​ လက်​​တွေ့ဘဝထက်​ ပို​ပျော်​ရွှ​င်​ဟန်​​ဆောင်​​နေ​ကြောင်း​တွေ့ရှိရသည်

အပြင်​တွင်​ အမြဲရန်​ဖြစ်​​နေ​သော အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​​နေ​သော ​ယောင်္ကျားတို့သည်​ Facebook ​ပေါ်တွင်​ မိန်းမ အလွန်​ချစ်​တတ်​ကြသည်

အပြင်​တွင်​ ထမင်းအိုးပင်​​ဖြောင့်​​အောင်​မတည်​တတ်​​သော မိန်းမတို့သည်​လည်း Facebook ​ပေါ်တွင်​ အလွန်​တာဝန်​​ကျေ​သော အိမ်​ရှင်​မ​ကောင်းဖြစ်​သည်

အပြင်​တွင်​ လခ ၁သိန်းမပြည့်​​သော အိမ်​​ဖေါ်မ​လေးသည်​ Facebook ​ပေါ်တွင်​ သူ​ဌေးသမီးဖြစ်​သည်

အပြင်​တွင်​ ​ခေါ်မည့်​သူမရှိ​သော်​လည်း Facebook ​ပေါ်တွင်​ ဆယ်​လီ ဖြစ်​သည်

လှည့်​စားဖို့လွယ်​ကူလွန်း၍ အားလုံးက အားလုံးကို လိမ်​လည်​လှည့်​စားဖို့ ကြိုးစား​နေကြသည်

ရောဂါ ရင့်​လာ​လေ ပိုဆိုး​လေဖြင့်​ လက်​​တွေ့ဘဝနှင့်​ ကင်းကွာခြင်း၏ရလာဒ်​ ကို ဆိုးရွားစွာခံစားရ​သော​ကြောင့်​ ဘဝပျက်​​လေ၏

လူငယ်​များ လမ်း​ပေါ်​လေလွင့်​ကြ၏
အိမ်​​ထောင်း​ရေးများ ပြိုလဲကြ၏
မိန်းမပျိုများ ပျက်​စီးကြ၏
မိသားစုတွင်း၌လည်း အမြဲစိတ်​ဝမ်းကွဲ ငြူစူကြ၏

လူဘဝ၏ ချမ်းသာခြင်း အစစ်​အမှန်​သည်​ ​ရောင့်​ရဲခြင်းဖြစ်​​ပေ၏

Facebook သည်​ ​ရောင့်​ရဲခြင်းတရားကို ​မေ့​လျော့​စေကာ အဆုံးမရှိ​သော တပ်​မက်​ခြင်းများထဲသို့ တွန်းပို့၏
သို့သာမက အခြားသူများကိုလည်း ဖြန့်​​ဝေ၏

မိမိ၏ စိတ်​တွင်း​အလျံညီးညီး ​တောက်​​လောင်​​နေ​သော
လောဘတပ်​မက်​ခြင်းမီးလျံကို အခြားသူများကိုလည်း ထပ်​မံကူးစက်​​စေ၏

Faebook သည်​ ဘဝတခုကို မှန်​ကန်​စွာတည်​​ဆောက်​ခြင်းအသိပညာကို ဆိုးဆိုးရွားရွားဖျက်​စီးပြစ်​၏

စိတ်​အလိုဆန္ဒ​နောက်​သို့ ​ကောက်​​ကောက်​ပါရင်း ဘဝ​မေ့ရင်း အချိန်​လွန်​ကာမှ ပြုပြင်​မရ​သော ​နောင်​တဖြင့်​ ကြုံဆုံရ​လေ၏

ဤသည်​ အလွန်​ဆိုးရွားလှ​သောလူဖြစ်​ရှုံးခြင်းပင်​ဖြစ်​​တော့သည်
ပင်​ကိုယ်​ ဆင်​ခြင်​ဥာဏ်​ အားနည်းသူတို့ အလွယ်​တကူပင်​ ထို​ထောင်​​ချောက်​အတွင်း ကျဆင်းနိုင်​​ပေသည်

မိမိစိတ်​ကို နိုင်​နင်းစွာ ထိမ်းသိမ်း၍ မိမိဘဝအစစ်​အမှန်​အတွက်​ အ​ကောင်းအဆိုး ပိုင်းခြားကျင့်​သုံးနိုင်​မှသာ
စစ်​မှန်​စွာ ​အေးချမ်းသာယာ​သော ဘဝကို ရရှိနိုင်​မည်​ဖြစ်​​ကြောင်း သတိ​ပေးလိုက်​ပါသည်

image

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 57074.30
ETH 3013.89
USDT 1.00
SBD 2.19