Social Networks

in #social6 years ago (edited)

Social Media တွေအားနည်းသွားနိုင်သလား။

bRKpGmhVP34x8evExPX8fbPL36jsppx2wuKimTZ4f2X53XwCfsNE8N WABDbt8AAAAASUVORK5CYII=.jpg
၂၀၁၇ ခုနှစ်ထဲမှာ social mediaတွေ အားကောင်းလာတာကတော့ အများအသိပါပဲ။ Facebook ဟာသုံးစွဲသူ သန်းနှစ်ထောင်ပြည့်အောင် ကြိုးစားနေတယ်။Google+ ကအားပျော့သွားပေမယ့် ပျောက်တော့ မသွားသေးပါဘူး။ Social media အပေါ် လူတွေရဲ့အမြင်ကတော့ အမျိုးမျိုးပဲ။ ဒေါ်အောင်ဆန်း ဆုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ် မှာတောင် ဆွေးနွေးသူ တစ်ယောက်က မြန်မာတွေဟာ Facebook ပေါ်မှာ အဆဲပါရဂူတွေ ဖြစ်လာသလား လို့တောင် မေးသွားပါတယ်။
၂၀၁၇ ခုနှစ်ထဲမှာ social media အပေါ် အမြင်မကောင်းလှဘူး ခင်ဗျ။ အမေရိကန်မှာဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး Facebook တို့ Twitter တို့ Google တို့ဟာ ရွေးကောက်ပွဲရလဒ် တိမ်းစောင်းအောင် လုပ်တယ်လို့ စွပ်စွဲခံရပါတယ်။ သီတင်းအမှား ဖြန့်တဲ့အမှု၊ ဝါဒဖြန့်မှု ကလေးသူငယ် တွေကို ဘေးမကင်းစေမှု တွေနဲ့လဲ စွပ်စွဲခံရပါတယ်။ Social media သုံးစွဲသူတွေရဲ့ စိတ်ပိုင်စဆိုင်ရာမှာ အပျက်သဘော ဆောင်စေတယ်လို့ အများက ယူဆကြပါတယ်။
Social media ကုမ္ပဏီ တချို့ဟာ အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို ခံကြရပါတယ်။ အတ္တလန္တိတ် သမုဒ္ဒရာကြီးရဲ့ ဟိုဘက်ခြမ်းမှာရော သည်ဘက်ခြမ်းမှာပါ ရှိတဲ့ နိုင်ငံတွေမှာ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေဟာ သူတို့ရဲ့ အရှုပ်ထုပ်တွေကို မရှင်းရင် ဥပဒေအကြောင်းအရ အရေးယူသင့်တယ်ဆိုပြီး သတင်းစာ စာမျက်နှာတွေပေါ်မှာ စာလုံးမဲကြီးတွေနဲ့ ဖော်ပြကြတာမျိုးလဲ ရှိပါတယ်။းးလူမှုကွန်ရက်ပေါ်ကနေ လုပ်ကြံဝါဒဖြန့်တဲ့ account တွေ ပုံမှားရိုက်တဲ့ account တွေကလည်း ရှိသကိုး။ MPT ကတော့ account အတုတွေ ပိတ်ပေးဖို့ Facebook ကို စာရေး တောင်းဆိုတယ်လို့ လည်းကြားရပါတယ်။
၂၀၁၇ခုနှစ်ကတော့ လူမှုကွန်ရက်တွေအပေါ် လူတွေမမြင်စောင်းမှု အမြင့်ဆုံးနှစ်ပါပဲ။ ဒီအခြေအနေဟာ ၂၀၁၈ မှာလဲ ပိုဆိုးလာဖို့ရှိပါတယ်။ လူမှုကွန်ရက်တွေဟာ အရှုပ်ထုပ်တွေ မရှင်းရင် အရေးယူမယ် ဘာညာဆိုပြီး တချို့အစိုးရတွေက အပြင်းအထန် သတိပေးတာလဲ ရှိပါတယ်။ လူမှုကွန်ရက်တွေကလဲ ရှေ့လျှောက် ပိုကောင်းအောင် ပြုပြင်ပါမယ် ဘာညာဆိုပြီး ဒဏ်ရိုက်ခံလိုက်တာနဲ့ ကိစ္စပြီးသွားတာမျိုး လဲရှိပါတယ်။Facebook အနေနဲ့လဲ မြန်မာပြည်ကသီတင်းစာ၊ဂျာနယ်နဲ့ရုပ် မြင်သံကြားတွေမှာ သတင်းအမှားကိစ္စအကြောင်း ကြော့ငြာတိုတွေထည့်တာ တွေ့ကြမှာပေါ့။အစိုးရတွေရဲ့ သဘောထားတင်းမာလာရင် ပြစ်ဒဏ်တွေက ဒီလောက်နဲ့ ပြီးမယ်မထင်ဘူး။ မင်းရှင်းရင်ရှင်း မရှင်းရင် မင်းကိုငါရှင်းမယ် ဆိုတာမျိုးလဲ ဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် လူမှုကွန်ရက်တွေ ရုန်းကန်ပြီး ရှင်သန်နေပါအုံးမယ်။zf9B3FS1MV6efaGAAAAAElFTkSuQmCC.jpg

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 61250.32
ETH 3377.05
USDT 1.00
SBD 2.48