🌴

in #srl-zone6 years ago

{ထန်းပင်များက ပြောသောစကား}🇨🇦

ဤထန်းပင်တန်းသည် စိမ်းလန်း၍ သာယာစိုပြေခြင်းကို ဆောင်၏။။
ဤထန်းပင်တန်းသည် ညီညွတ်ခြင်းသရုပ်ကိုဆောင်၏။
ဤထန်းပင်သည် မြင်သူကို ဘဝင်ကြည်အေးစေ၏။
ဤထန်းပင်တန်းသည် သဘာဝတရား၏ လှပခြင်းကို သရုပ်ဖေါ်၏။
ဤထန်းပင်တန်းသည် ခရီးသွားများကို အရိပ်အာဝါသ ပေး၏။

သို့သော်..

သူတို့ခမျာ လွတ်လပ်စွာ ရှင်သန်ကြီးထွားရသည်တော့မဟုတ်။ လမ်းသမားက သူတို့ပင်ခြေအထိ ကျူးကျော်သလို၊ လယ်သမားကလည်း သူတို့၏အခြေအမြစ်ကို ထိုးဆွဖို့ အမြဲကြိုးစား၏။

သူတို့အတွက် နေရာမပေးသော်လည်း သူတို့သည် စိတ်မကွက်၊ သူတို့က တစ်ဘက်သတ် အကျိုးပြုနေရသည်ဟုလည်း သူတို့သည် မာန်မာနမထား၊ မထောင်လွှားပေ။

ကြုံလာသမျှလောကဓံကို ရင်ဆိုင်၍ လှပမှုကိုအမြဲဆောင်ကာ ပတ်ဝန်းကျင် သဘာဝတရားနှင့် လူသားကို အကျိုးဆောင်ရန်သာ သူတို့၏ ရည်ရွယ်ချက်; သူတို့၏ ဆုံးဖြတ်ချက်; သူတို့၏ ဦးတည်ချက်။

သူတို့၏ ရည်ရွယ်ချက်အောင်မြင်ရန် သူတို့သည် ကြုံလာသမျှ ဘေးအန္တရာယ်ကြားမှ ရဲရဲဝံ့ဝံ့ရပ်တည်၍၊ ခက်ထန်ရန်လိုအပ်သည့်အခါ သူတို့အပေါ်ကျလာသည့် ဓါးသွားကို မီးပွင့်၍ ပဲ့ကြွေ လိမ်ဖယ် လက်မှိုင်ခွေသွားသည်အထိ ခက်ထန်၏။ ပျော့ပြောင်းရန် လိုအပ်သည့်အချိန်တွင် သူတို့ခါးကိုကွေးသည်အထိ ညွှတ်ကိုင်းရှိုင်း၍ ပျော့ပြောင်း၏။

ဤကဲ့သို့သော ထန်းပင်တန်း၊ ဤလမ်းကသွားလျှင်ဖြင့် မည်သူမဆို မြင်နိုင်ပါ၏၊ စိမ်းလန်း စိုပြေမှုကို ခံစားနိုင်ပါ၏၊ အရိပ်အာဝသမှာ ခိုနားနိုင်ပါ၏။ သို့သော်လည်း သူတို့ပြောသော စကားကိုကား အလေးထား၍ နားဆင်သူများသာ ကြားနိုင်၏ကြောင်း...

သြော်…

သဘာဝတရားကတော့ ပညာပေးရှာပါ၏၊ မိုက်တွင်းထဲက မထွက်နိုင်တာကတော့ ကျွန်ုပ်တို့ လူသားများသာပါ…

မေတ္တာဖြင့်
image

@gla

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60793.30
ETH 3356.37
USDT 1.00
SBD 2.48