အကြီးစား ရူးသွပ်သူများ

in #steem7 years ago

FB_IMG_1528791230238.jpgလူ့ ဘဝ တစ်ဘဝဆိုတာ သံသရာနဲ့ ယှဉ်လိုက်ရင်
မျက်စိတမှိတ် ဆိုတဲ့ ခဏတာလေးပဲ ကြာတာပါတဲ့

အားလုံးကြားဖူးမှာပေါ့ နတ်ပြည်မှာပန်းခူးနေတုန်း စုတေပြီး လူ့ ပြည်ရောက်လာတယ် အိမ်ထောင်ကျတယ်
ခလေးလေးယောက်မွေးတယ် သေတော့
အဲဒီနတ်ပြည်ကို စိတ်ညွတ်နေတဲ့အတွက်
အဲဒီပန်းခူးနေတဲ့နေရာကိုပဲ နတ်သမီးအဖြစ်နဲ့ 
ပြန်ရောက်သွားတယ် ရောက်တဲ့အခါ နတ်သားက ခုနက မင်းဘယ်သွားနေတာလဲတဲ့
တပည့်တော်ပန်းခူးနေတုန်းသေပြီး လူ့ ပြည်
ရောက်သွားတယ် ကလေး လေးယောက်မွေးပြီးမှ
အခုပြန်လာတာ ဆိုတော့ နတ်သားက လူ့ ပြည်
ဆိုတာ အဲဒီလောက်တောင် အသက်တမ်း
တိုသလားတဲ့ မေးပြီး နတ်သားလည်း သံဝေဂဉာဏ်ရသွားတယ် တဲ့

ပြောချင်တာက လူ့ ဘဝနဲ့ ကလေး လေးယောက်
မွေးတာတောင် နတ်ပြည်မှာ ပန်းခူးမပျက်သေးဘူး

ဒါဟာ လူ့ ဘဝရဲ့မမြဲမှုနဲ့  တိုတောင်းလှတယ် ဆိုတဲ့ သရုပ်ကို ပေါ်လွင်စေတာပါပဲ

နတ်ပြည်နဲ့ ယှဉ်တာတောင် ဒီလောက် တိုတောင်း
နေတယ် ဆိုရင် ဗြဟ္မာပြည် နဲ့ အပါယ်ငရဲ နဲ့ 
ယှဉ်လိုက်မယ်ဆိုရင် ပိုပြီး သံဝေဂ ရစရာ
ကောင်းမှာပါပဲ

မမြဲတဲ့ လူ့ ဘဝ မျက်စိတမှိတ် လောက်သာ
ကြာမြင့်တဲ့ လူ့ ဘဝ ထဲကနေပဲ သာသနာနဲ့ 
ကြုံတုန်း အမြတ်ထုတ်ကြရမှာပါ

ဒါန သီလ သမထ ဝိပဿနာ ကို ရသလောက်
လုပ်နိုင်မှသာ သံသရာမှာ နိဗ္ဗါန်အတွက် အထောက်အပံ့ဖြစ်စေမှာပါ

ဒီလိုမဟုတ်ပဲ

ခဏလေးသာကြာတဲ့ လူ့ ဘဝ ရခိုက်မှာ

ငါက ဘယ်လောက်ချမ်းသာတာ

ငါက ဘယ်လောက် နာမည်ကြီးတာ

ငါက ဘယ်လိုရှာနိုင်လို့  ဘယ်လိုတော် တာ

ငါက ဘယ်လိုကြိုးစာလို့  ဘယ်လိုအောင်မြင်တာ

စတဲ့ တလွဲမာနတွေနဲ့ အချိန်ကုန်နေကြမယ်
ဆိုရင်ဖြင့်

အကြီးစား ရူးသွပ်သူများလို့ 

နာမည်ပေးချင်ပါတယ်။

Credit_ ဦးမြင့်ခိုင်

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.059
BTC 70507.99
ETH 2146.06
USDT 1.00
SBD 0.51