How to Make Paper Flower Vase

in #steemhunt6 years ago

Paper Flower Vase

img1535351198797.jpg

ဒီတစ်​ခုက​တော့စက္ကူပန်းအိုးတစ်​ခုပါ။ရောင်​စုံစက္ကူ​တွေကိုအသုံးပြု၍ပြုလုပ်​ထားတာဖြစ်​ပြီး၊အလှထားလို့ရပါတယ်​။ဒီလိုပန်းအိုးတစ်​ခုဖြစ်​ရန်​ပြုလုပ်​ရမည့်​အဆင့်​​တွေကအစိမ်း​ရောင်​စာရွက်​ကို​ခေါက်​ရမယ်​။ပန်းပွင့်​​တွေပြုလုပ်​ရမယ်​။ပြီး​တော့ကတ်​ထူစက္ကူသုံးပြီးပန်းအိုးပုံစံဖြတ်​ရမှာပါ။ပြုလုပ်​ရန်​လိုအပ်​တဲ့ပစ္စည်းများကိုစုစည်းပါ့မယ်​။ကတ်​ထူ၊​ရောင်​စုံစက္ကူ။ကော်​ဘူး၊ကတ်​​ကြေး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​တာပါ။

img1535351145180.jpg

ပထမဆုံးမှာ​တော့အစိမ်း​ရောင်​စာရွက်​နှစ်​ရွက်​ယူလိုက်​မယ်​။အလျားမတူညီရပါဘူး။ပြီး​နောက်​အလယ်​မှ​ခေါက်​ချိုး၍အနားနှစ်​ခု​ကော်​ကပ်​မယ်​။ခဲတံ၊​ပေတံယူပြီးပုံမှာမြင်​ရတဲ့အတိုင်းအလျားလိုက်​မျဉ်းတစ်​​ကြောင်းဆွဲမယ်​။ပြီး​တော့​ဒေါင်​လိုက်​မျဉ်းများကိုအကွာအ​ဝေးတူညီစွာဆွဲလိုက်​မယ်​။ဒေါင်​လိုက်​ဆွဲထား​သောမျဉ်း​တွေကိုကတ်​​ကြေးဖြင့်​ဖြတ်​လိုက်​မယ်​။ထိုနည်းအတိုင်း​နောက်​တစ်​ခုပြုလုပ်​မယ်​။အလျားပိုရှည်​တဲ့စက္ကူကိုပထမဆုံး​ခေါက်​မယ်​။ကျန်​တဲ့စက္ကူကိုအပြင်​မှထပ်​၍​ခေါက်​ပြီးအနားသတ်​​ကော်​ကပ်​မယ်​။ပုံများနှင့်​ပြထားပါတယ်​။

IMG_20180829_112804.jpg

IMG_20180829_113730.jpg

ပန်းပွင့်​များပြုလုပ်​ပါ့မယ်​။လိ​မ္မော်​၊ခရမ်းနှင့်​အပြာ​ရောင်​စာရွက်​များယူလိုက်​မယ်​။မိမိပြုလုပ်​ချင်​တဲ့အရွယ်​အစားအတိုင်းအလျား၊အနံတူညီစွာဖြတ်​လိုက်​ပါ့မယ်​။စာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးပြီး၊ထပ်​မံ​နောက်​တစ်​ဆင့်​​ခေါက်​ကာပုံမှာ​တွေ့ရတဲ့အတိုင်းသုံး​မြှောင့်​ပုံစံစက္ကူ​ခေါက်​ရရင်​၊ဒီအ​ပေါ်မှာပုံဆွဲပြီးကတ်​​ကြေးဖြင့်​ဖြတ်​မယ်​။စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ရင်​ပန်းပွင့်​ပုံရရှိမှာဖြစ်​ပြီး၊အပြာ​ရောင်​စာရွက်​ကိုစက်​၀ိုင်းပုံဖြတ်​ကာ​ကော်​ကပ်​လိုက်​ပါဦးမယ်​။ဒီနည်းအတိုင်းပန်းပွင့်​​တွေအများကြီးပြုလုပ်​မှာပါ။

IMG_20180829_113013.jpg

IMG_20180829_113157.jpg

IMG_20180829_113215.jpg

IMG_20180829_112830.jpg

ပြီး​တော့​နောက်​တစ်​ခုကစက်​၀ိုင်းပုံကတ်​ထူကိုအ​ပေါ်ဘက်​အနားကိုအပိုင်းငယ်​များဖြတ်​ကာ​ခေါက်​ချိုးလိုက်​မယ်​။ခရမ်း​ရောင်​စာရွက်​ကိုအပြင်​ဘက်​၊အတွင်းဘက်​မှာ​ကော်​ကပ်​မှာပါ။ဖြတ်​ထားတဲ့စက္ကူအပိုင်းငယ်​​တွေမှာ​တော့အနက်​​ရောင်​​ဆေးခြယ်​လိုက်​ပါတယ်​။

IMG_20180829_113708.jpg

ခုနကပြုလုပ်​ထားတဲ့အစိမ်း​ရောင်​စက္ကူ​ခေါက်​မှာပန်းပွင့်​​လေး​တွေ​ကော်​ကပ်​လိုက်​ပါ့မယ်​။

img1535351054833.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လုပ်ကျိမယ်

ဟုတ်​ကဲ့...​ကျေးဇူးပါ👍

မိုက်​တယ်​​နော်​ ညီမကစိတ်​ရှည်​လိုသာာ​ဒါ​တွေလုပ်​နိုင်
ငါတာဆို စိတ်​မရှည်​​လောက်​​တော့ဘူး

ဟုတ်​ပါတယ်​...လှလှပပ​လေးဖြစ်​ချင်​​တော့စိတ်​ရှည်​ရှည်​ထားပြီးပုံ​ဖော်​ကြည့်​တာပါ...အား​ပေးလို့​ကျေးဇူးပါ.. ..

တနေ့ တမျိုး မရိုးရအောင် စက္ကူ အလှဆင်နိုင်သူ ပါတကား

ဟုတ်​ပါတယ်​...၀ါသနာပါလို့ပါ....ဆက်​ပြီးမရိုးရ​အောင်​ကြိုးစားပါ့မယ်​....

အယ် ဘယ်လိုပြောရမှန်းတောင်မသိ။အရမ်းကြိုက်လို့

ဟုတ်​ကဲ့...အား​ပေးမှုအတွက်​​ကျေးဇူးပါ...

လှတယ်ကြိုက်တယ် ပေးဘာ😍😍

ကြိုက်​ရင်​ယူပါ...​ပေးပါ့မယ်​😊

စားပွဲပေါ်မှာ အလှဆင်ထားလို့ ရတဲ့ flower vase လေးပါ။ကြိုက်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့ပါ...၀မ်းသာပါတယ်​...ဆက်​ကြိုးစားပါ့မယ်​.. ..အား​ပေးတဲ့အတွက်​​ကျေးဇူးပါ...

ရုံးကလေးတွေပြရဦးမယ်

ဟုတ်​ကဲ့...ဆက်​ပြီးပြုလုပ်​ပါဦးမယ်​...​ကျေးဇူးပါ...

စာအုပ်ထုတ်ပါလား ညီမ

ဟုတ်​ကဲ့...စိတ်​ကူးရှိပါတယ်​...ဒီလိုအကြံဥာဏ်​​ပေးလို့​ကျေးဇူးပါ...

ပန်းအိုးလေးတော့ သဘောကျတယ် အမရေ
ဧည့်ခန်းထဲမှာ ထားလို့ ရပြီ

ဟုတ်​ပါတယ်​...အလှဆင်​ဖို့ပါ...​ကျေးဇူးပါ...

တော်လိုက်တာ အမျိုးမျိုးကို စိတ်ရှည်လက်ရှည် ကာလကြာတောင် အသစ်အဆန်းလေးတွေနဲ့ မကုန်နိုင်မခမ်းနိုင် လုပ်နိုင်ပါပေတယ်

ဟုတ်​ကဲ့..ဆက်​ပြီးအဆန်းအဆန်း​တွေပိုစ့်​တင်​နိုင်​​အောင်​ကြိုးစားပါ့မယ်​....အား​ပေးလို့​ကျေးဇူးပါ....

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 61282.12
ETH 2375.20
USDT 1.00
SBD 2.55