ငွေလိမ်သွားသူတွေကို ဘယ်လိုလိုက်မလဲ

in #steemit6 years ago

KBZ account ကငွေလက်ခံတာဆိုရင်
KBZ Account ကို ငွေ တထောင်လောက် လွှဲပြီး အကောင့်ပိုင်ရှင် လိပ်စာပါတဲ့ ချလံထုတ်ပေးဖို့ပြောလိုက်ပါ။
စာရွက်မှာ လိပ်စာပါလာပါမယ်။
ဘဏ်တာဝန်ရှိသူတယောက်ကိုလည်း အကျိုးအကြောင်းပြောပြပါ။
အလိမ်ခံရသူတွေစုပြီး လိပ်စာပါနေထိုင်သူကို ၆၆ဂ နဲ့အမှုဖွင့်ပါ။
ဘဏ်အကောင့်ပိုင်ရှင်က လိမ်သူမဟုတ်တောင် ဆက်လိုက်ဖို့ အစတော့ရသွားပါမယ်။

wave နဲ့ဆိုရင်
call center 900 ကိုဆက်ပါ။
auto answer ကိုကျော်ပြီး လူနဲ့ချိတ်မိအောင် number တွေနိုပ်ဝင်ရပါမယ်။ ချိတ်မိရင် လုပ်ငန်းစဉ်အမှတ်ပြောပြီး ဘယ်မြို့နယ် ဘယ်ဆိုင်ထုတ်သွားသလဲ စုံစမ်းလို့ရပါတယ်။ ဆိုင်သိရရင် လိုက်ဖို့ လမ်းစရလာပါမယ်။

နောက်ပြီး အလိမ်မခံရအောင် ကိုယ့်ဘက်ကဘယ်လိုပြင်ဆင်မလဲ
Page / Account တွေကိုဝင်လေ့လာဖို့လိုမယ်ဆိုတာတော့ လုပ်ကိုလုပ်ရပါမယ်။ စိတ်ကျေနပ်မှုရှိသည်အထိ ဝင်မွှေပါ။

ကျွန်တော်အကြံပေးချင်တာက
ငွေချေတော့မယ်ဆိုရင် သူပေးရာနည်းလမ်းတခုတည်းကိုမလွှဲပါနဲ့ဦး။
သူကို တခြားနည်းတွေနဲ့လွှဲလို့ရသေးလားမေးပါ။
တတ်နိုင်သလောက်နည်းစုံအောင်တောင်းပါ။
CB, KBZ, AYA, Wave, OKDollar အကုန်တောင်းပါ။ online shop လုပ်နေသူတော်တော်များများဟာ ၃မျိုး အနည်းဆုံးရှိတတ်ပါတယ်။
သူပေးတဲ့ အကောင့်တွေကို တိုက်ဆိုင်စစ်ဆေးပါ။ bank account ဆို name တွေပါတောင်းပါ။ တူမတူစစ်ပါ။ CB ကတမျိုး KBZ ကတမျိုးဆိုနည်းနည်း သံသဃစဝင်ပါ။ wave OKDollar ph number တွေကို fb search box မှာထည့်ရှာပါ။
အဲ့ဖုန်းတွေနဲ့ဖွင့်ထားတဲ့ fb acc or post တွေထွက်လာပါလိမ့်မယ်။
အမှန်အကန်လုပ်နေသူတွေဟာ wave account ထဲသို့သာ တန်းထည့်ခိုင်းကြပါတယ်။ တချို့ကသာ ထုတ်ခကြောင့် လုပ်ငန်းစဉ်/password ဖြင့်လွှဲခိုင်းပါတယ်။
(လူလိမ်အကုန်လုံးကတော့ လုပ်ငန်းစဉ်/password ဖြင့်သာလွှဲခိုင်းပါလိမ့်မယ်။ simcard ကပေါနေတော့ ငွေထုတ်ပြီး ပစ်လိုက်ရုံပါပဲ)
ငွေမလွှဲခင်အချိန်ထိ ရနိုင်သလောက် info စုံအောင်မေးပါ။ အားမနာပါနဲ့။ ဈေးရောင်းသူစစ်မှန်ရင် သူ့မှန်ကြောင်းပြဖို့အတွက် info စုံအောင်ပေးပါလိမ့်မယ်။ မရိုးသားသူတွေကတော့ ကိုယ့်ကိုရန်ပြန်တွေ့ပါလိမ့်မယ်။ online မမြင်ရဘဲ ဈေးရောင်းနေကြတဲ့အခါ ယုံကြည်မှုကို မှန်ကန်တဲ့သူဟာ တည်ဆောက်မှာပါပဲ။
အဲ့လိုအချက်တွေကို အားနာလို့ မလုပ်မိဘဲ ငွေလွှဲပေးလိုက်ရင်တော့ စိတ်သောကရောက်ရပါလိမ့်မယ်။

အားနာရင် ခါးပါမယ်။

Myo Min Aung
7 Feb, 2018

Sort:  

aungmyinthu , while scanning Steemit articles I found and ealier article that looks like yours!
If you copied your content from here: 13.3$ IN PRIZE - SBD JACKPOT FREE LOTTERY
you need to specify your source of inspiration to not be downvoted!

hey this is my own wiriting. what's up?

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60915.52
ETH 3364.88
USDT 1.00
SBD 2.48