For baby

in #steemit6 years ago

ကလေးလေးတွေအတွက်
ရင်ခွင်ထဲကနေ တဖျတ်ဖျတ်ရုန်းတော့
ကိုယ့်မှာအပြုံးတွေနဲ့ မျက်ရည်ကျရတယ်
မတားနိုင်လို့ လက်လွှတ်လိုက်ရ ရင်တောင်မှ
ဟိုးအထက်မှာ မြင့်နေနိုင်ပါစေ ကလေး ။
ကိုယ့်မေတ္တာကို မကြည်ဖြူတော့တဲ့အခါ
ကောင်းကင်ပြာပြာမှာ လှုပ်ခပ်ပြေးရဲ့
အဝေးတစ်နေရာကနေ ကိုယ်ပြုံးပြနေမှာပါ
ခပ်သိမ်းသော လွတ်လပ်ခြင်းတွေကြားမှာနေရင်း ဘယ်အရာကိုမှ မငြိတွယ်ပါစေနဲ့ ကလေး ။
လေပြည်ရဲ့ထွေးပွေ့ခြင်းက ဖြူစင်လွန်းတယ်
အချုပ်အနှောင်အပူအပင်ကင်းတဲ့ကမ္ဘာမှာ
ပေါ့ပေါ့ပါးပါးရယ်နိုင်ပါစေ ကလေးရေ ။
ဟိုးအထက်မှာ မင်းပျော်နေတဲ့အခါ
မရေရာလွန်းတဲ့ မိုးတိမ်လွှာအောက်မှာ
ကိုယ်တစ်ယောက်တည်း ကြယ်ကြွေကောက်ရစ်မယ်
ချစ်မြတ်နိုးရခြင်းရဲ့ အဓိပ္ပာယ်တွေကို
တစ်ချိန်ချိန်မှာ နားလည်တဲ့တစ်နေ့
ကလေးကိုယ့်ကို မတွေ့မှာစိုးတယ်
မြတ်နိုးစွာစွန့်လွတ်ခဲ့ခြင်းတွေကို မမေ့ပါနဲ့ ကလေး ။
တိမ်စိုင်နဲ့လေပြည်တွေက ဟိုးအဝေးကိုခေါ်သွားချိန်
ကလေး က ကိုယ် နဲ့ တဖြည်းဖြည်းဝေးကွာ
မျက်ရည်ဆိုတာ နှုတ်ဆက်စာတစ်မျိုးပဲလေ ။
ချစ်တဲ့သူနဲ့ကွေကွင်းရတာ လောကဓံပေါ့
အမြင့်ကိုပဲ ပျံပါတော့ ကလေး
မတည်မြဲခြင်းကို ဆွေးမြေ့စွာတွန်းလှန်ရင်း
ကလေးပြန်လာရင် အပန်းဖြေဖို့
အလွမ်းတွေနဲ့ ကမ္ဘာတည်ထားခဲ့မယ်
ကလေး …
ပျော်ပါစေ ဆုတောင်းပေးပါတယ်💪💪 image

Sort:  

Congratulations @aungthettun! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Do not miss the last post from @steemitboard:

Carnival Challenge - Collect badge and win 5 STEEM
Vote for @Steemitboard as a witness and get one more award and increased upvotes!

Congratulations @aungthettun! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Use your witness votes and get the Community Badge
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57877.75
ETH 3163.24
USDT 1.00
SBD 2.26