ရိုးရာအစားအစာများ ၁

in #steemit8 years ago

ရာသီအလိုက် အစားအစားများသည် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိသလို အစာလည်းဆေး ဆေးလည်းအစား ဆိုသော မြန်မာ့ ဆိုရိုး စကားနှင့်လည်း ကိုက်ညီမှု ရှိလှပေသည်။ မြန်မာတို့ သည် အစားအသောက်နှင့် ပတ်သတ်၍ ရှေးဆိုရိုး စကားတစ်ခု ရှိပါသည်။ ၄င်းမှာ အသားမှာဝက် အသီမှာ သရက် အရွက်မှာ လက်ဖက်ဟူ၍ ဖြစ်ပါသည်။
IMG_20180522_090128.jpg

လက်ဖက်သည် မြန်မာလူမျိုးတို့၏ အိမ်ခန်းတွင် မရှိမဖြစ် ထားရသော စားစရာ တစ်မျိုး ဖြစ်ပါသည်။ အိမ်ရှင်မို့ ဧည့်သည့်လာလျှင် လက်ဖက်အကြော်စုံနှင့် ရေနွေးကြမ်းကို တည်ခင်းကြသည်။လက်ဖက်ကလေးမြုံရင်း အကြော်လေး ဝါးရင်း ရေနွေးကြမ်းပူပူလေးသောက်ရင်း ဧည့်ထောက် ဧည့်ခံ စကားပြောကြသည်။
လူကြီးပိုင်းရောက်လာလျှင် ထမင်းစားပြီး ခံတွင်းချဉ်ပြေစေရန် လက်ဖက် ကလေး ဝါးလိုက်ရမှ နေသာထိုင်သာရှိကြသည်။ရုံးပိတ်ရက် မိသားစု အိမ်တွင်းစုံလျှင် လက်ဖက်ပန်ကန် ရေနွေးကြမ်း တစ်အိုးနှင့် အနားယူရင်း လက်ဖက်အရသာ ခံကြပါသည်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.060
BTC 67467.70
ETH 2066.30
USDT 1.00
SBD 0.50