အယူအဆအမှားများ

in #steemit8 years ago

image

ဆံပင်နဲ့ပတ်သက်ပြီး လုပ်မိတဲ့ အယူအဆမှားများ…

ဆံပင်ဆိုတာနှစ်သက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့်လည်း ကိုယ်ကထိန်းသိမ်းမှုမရှိရင် ပျက်ဆီးနိုင်ပါတယ်။
ဒါကြောင့် ပျိုမေတွေဆံပင်နဲ့ ပတ်သက်ပြီးတော့ ပြုလုပ်မိတတ်တဲ့ မှားယွင်းတဲ့အပြုအမူတွေကို မလုပ်မိစေဖို့ WowBox ပြောပြပေးလိုက်ပါတယ်

image

ပထမဦးဆုံးခေါင်းလျှော်တဲ့အခါမှာလည်း ပုံစံမှန်မှန်နဲ့ခေါင်းလျှော်ဖို့ အရေးကြီးပါတယ်။ ခေါင်းအနေအထားကို အောက်ကို စောင်းပြီးတော့လျှော်သင့်ပါတယ်။ ဒါမှသာခေါင်းလျှော်တဲ့အခါ အညစ်အကြေးတွေက လွတ်လွတ် လပ်လပ်ကျနိုင်မှာဖြစ်ပါတယ်။

ပေါင်းဆေးတွေထည့်တဲ့အခါ ဆံပင်အမြစ်တွေကို မထိစေဖို့အတွက် အသုံးဝင်ပါ တယ်။

တစ်ခါတလေ ရာသီဥတုအေးတဲ့အချိန်မှာ အပူချိန်အနည်းငယ်များတဲ့ ရေနဲ့ခေါင်းလျှော်မိတဲ့အခါ ဆံသားတွေခြောက်သွေ့တာနဲ့ ဆံသားအားနည်းတာတွေ ဖြစ်စေနိုင်ပါတယ်။

ခေါင်းလျှော်ပြီးလို့ ဆံပင်အခြောက်ခံစက်တွေ သုံးတဲ့အခါ မြန်မြန်ခြောက်ချင်လို့ အပူချိန်များတာနဲ့ အသုံးပြုမိရင်ကြာရှည်မှာ ဆံသားတွေ ပျက်စီးစေနိုင်ပါတယ်။

ရေကိုလုံလောက်စွာသောက်သုံးပေးခြင်းက ဆံသားတွေကောင်းမွန်စေဖို့အထောက်အကူပြုပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ဆံသားရဲ့ ၁၅ရာခိုင်နှုန်းလောက်ကို ရေဓာတ်က ဖြည့်စွမ်းပေးပါတယ်။

အသင့်စားအစားအစာတွေအများကြီး စားသုံးခြင်းက ဆံသားတွေကို အားဖြည့်နိုင်တဲ့ဗီတာမင်တွေ အလုံအလောက်မရနိုင်တဲ့အတွက် ဗီတာမင်ကြွယ်ဝတဲ့အသီးအနှံတွေကို များများစားသုံး ဖို့လိုအပ်ပါတယ်။

ခေါင်းဖြီးဖို့မေ့နေတတ်တဲ့ အကျင့်ကမကောင်းပါဘူး။

ခေါင်းဖြီးပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဦးခေါင်းကို နှိပ်နယ်ပေးသလိုဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းဖြီးဖို့မမေ့ပါနဲ့နော်။

Sort:  

I will upvote and resteem your last blog post free to my 35,000+ followers if you reply with the word, "free".

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.056
BTC 73990.44
ETH 2324.90
USDT 1.00
SBD 0.52