ရာဝဏ လွမ်းခန်း

in #steemit8 years ago

image

Photo credit : google image

(ရာဝဏ လွမ်းခန်း)

မညီညာ အရှုံးကမ္ဘာထဲမှာ
သီတာအမုန်း အနာတရတွေနဲ့
ဖီလာ မပြုံးသာနဲ့ နှလုံးနာခဲ့ရတာကိုယ်ပါ....။

ပြိုင်းပွဲးရဲ့ အခါသမရတခုမှာ
ရာမနဲ့ လုခဲ့တော့လဲ
အနာတရတခုက ကိုယ်ဟာရှုံးနိမ့်ခဲ့....။

လင်္ကာဒီပရဲ့ ပြည့်ရှင်
တောင်ဆယ်အင်ကို သိမ်းပိုက်ခဲ့တဲ့ကိုယ်ဟာ
အချစ်ရှုံးလို့ ငိုနေရမှာလား ပြောစမ်းပါသီတာ.....။

မဖြစ်ဘူး မဖြစ်သေးဘူး
အချစ်ရူးတယ်ပဲဆိုချင်ဆို
ရွှေသမင်ပျိုနဲ့ မျှား
သီတာ ကိုယ့်အပါးရောက်အောင်ကြံမိပြန်တယ်....။

ရှင့်ကိုမုန်းတယ်......ရှင့်ကိုမုန်းတယ်......ရှင့်ကိုမုန်းတယ်....
လျှာဖျားက တမာခါးတွေလို သူဆိုတယ်....။

အချစ်နဲ့စစ်မှာ မတရားတာမရှိတဲ့
(Fb မှာ ဆယ်လီကြီးတွေအစ
အကောက်ပုန်းတွေအဆုံး အကုန်လုံးသိတယ်...
Steemit မှာငွေရှာနေသူတွေလဲသိတယ်
လမ်းဘေးမှာ ပုလင်းထောင်နေတဲ့ ဂျင်းကောင်တွေလဲသိတယ်..
RSM Group က Admin @mghan လဲသိဒေ
@zawmyooo လဲသိဒေ......😄😄😄)
ကိုယ့်အသိတရားထဲးမှာ
ပေးဆပ်ချင်းဆိုတဲ့ အညံ့စားအတွေးနဲ့
ဘေးထွက်မပေးနိုင်ဘူး သီတာ.....။

ဝှတ်....ဝှတ်...ဝှတ်...
ရာမရဲ့မျှားအခွင်းက တအားပြင်းတော့
ကိုယ့်နှလုံးသားကိုဖောက်ထွက်
ရောက်ယပ်ခတ် စိတ်ဝေဒနာနဲ့
ဪ.....
သီတာ.....သီတာ....သီတာ.....
(🎤 ပူပါတယ်ဆိုမှ ထီးကမပါ မျက်စိစပ်လို့ လမ်းမှာငို...
သီတာ....သီတာ....သီတာ.....
သီတာရေသိပ်ချစ်တယ် သိရဲ့လားလေ......
သီတာနေပါဦး....သီတာနေပါဦး....သီတာနေပါဦး....🎼🎹
အာကြီးအသံမျိုးနဲ့ဆိုလတ်ထှာ)

ရယူ ပေးဆပ်
၍နှစ်ရပ်တွင်
ပမာယှဉ်ပြ
ရာဝဏနဲ့
ရာမမင်းဇာတ်
သီတာအတွက်
ဘယ်သူပေးဆပ်
ဘယ်သူရယူ
သတိမူပါ မိတ်သဟာတို့...။ ။

မင်းသိုက်ထွန်း
@minthiketun
RSM- 5

Sort:  

ဟုတ် သိပါတယ်ဗျ ဟဲဟဲ

အေးဆို...

သီတာမုန်းတဲ့ ဒဿ ခ်ခ်

ဟတ်ဟတ်

Good tal bro

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 66900.95
ETH 2055.84
USDT 1.00
SBD 0.48