မိန်းမသား ဘဝ

in #steemit6 years ago

yLTNLGZ9Esw.jpg

စိတ်​က မိဘအတွက်
ခန္ဓာကိုယ်​က လင်ယောင်္ကျားအတွက်
အချိန်​​တွေက သားသမီးအတွက်
ကိုယ့်​အတွက်​တော့ မျက်​နာ​ပေါ်က
အ​ရေးအ​ကြောင်း​တွေရယ်
ပင်​ပန်းနွမ်းနယ်​မှု့​တွေပဲ ကျန်​ခဲ့တယ်​။

လှပလွန်းရင်​ အန္တရယ်​များတယ်
ရုပ်​ဆိုပြန်​​တော့လည်း
ဘယ်​သူမှအဖက်​မလုပ်​ချင်
ပွင့်​လင်း​တော့
အ​ပေါစားထင်​မယ်
စကားနည်း​တော့
ပေါင်းသင်းရခက်​တယ်
တကိုယ်​တည်း​နေမယ်​ဆို​တော့
လိုချင်​တဲ့သူမရှိလို့တဲ့....
အိမ်​​ထောင်​ပြု​တော့လည်း
လွတ်​လပ်​မှု့ရှုံးဆုံးပြန်​တယ်​...။

ကိုယ်​ယူလိုက်​တဲ့
လင်​​ယောင်္ကျားက
ခန့်​ညားလွန်း​တော့လည်း
သူများအတွက်​ အလွယ်​တကူ
ဖြစ်​ပြန်​တယ်​ မ​ချော​တော့လည်း
ကိုယ့်​အမြင်​က နိပ့်​ကျတယ်​ဖြစ်​မယ်
က​လေးမယူပြန်​​တော့လည်း
မိန်းမ မပီသဘူး ကဲ့ရဲ့ကြမယ်
ယူပြန်​​တော့လည်း ပင်​ပန်းရတာကိုယ်​ပဲ။

ပြန်​မှ အလုပ်​ထွက်​လုပ်​​တော့လည်း
အိမ်​မှု့ကိစ္စ မပိုင်​နိုင်​ဘူ
အပြင်​ပဲထွက်​ချင်​တယ်​ ​ပြောမယ်
ငွေမရှာပြန်​​တော့လည်း
အရည်​အချင်းမရှိဘူး
ယောင်္ကျားကိုပဲ
အားကိုး​နေတယ်​ ​ပြောဦးမယ်​။

အလှပြင်​ပြန်​​တော့လည်း
ပဲများတယ်​​ပြောမယ်
မပြင်​ပြန်​​တော့လည်း
မိန်းမဖြစ်​ပြီး သပ်​ရပ်​မှု့မရှိ
မပြင်းကြီးတယ်​ ​ပြောမယ်​။

သူငယ်​ချင်း မရှိ​တော့
စိတ်​ညစ်​တဲ့အခါ
ရင်​ဖွင့်​စရာမရှိပြန်​တယ်
သူငယ်​ချင်းများပြန်​​တော့လည်း
ရှုပ်​ရှုပ်​ရှက်​ရှက်​ နဲ့
အတည်​တကျ မရှိဘူး ​ပြောမယ်​။

တကယ်​​တော့ ​လောကကြီယမှာ
မိန်းမသား​တွေက ကိုယ်​ပိုင်​တဲ့
အချိန်​ဆိုတာ မရှိဘူး.....
မိန်းမဖြစ်​ရတာ
ယောင်္ကျားဖြစ်​ရတာထက်
ခက်​ပြီးရင်းခက်​​နေ​တော့တယ်​။

မိန်းမဖြစ်​ရတာ အယူဝါဒအရ
မမြတ်​ရင်​သာ​နေမယ်​.....
ယောင်္ကျား​တွေထက်​နိပ့်​ကျတာမရှိဘူး...

ကိုယ်​ခန္ဓာဖွဲ့စည်းပုံအရ
အားနွဲ့တယ်​ထင်​ရ​ပေမယ့်
စိတ်​ဆင်းရဲဒုက္ခ​တွေကို
ယောင်္ကျား​တွေထက်​ ပိုပြီး
ဒဏ်​ခံနိုင်စွမ်းရှိတယ်​.....။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62025.78
ETH 2417.09
USDT 1.00
SBD 2.49