အံ့သြပါ့
လူတစ်ချို့ရဲ့ ချစ်ခြင်းဆိုတာကြီးက နားမလည်နိုင်လောက်အောင် အံ့သြပါ့ဗျာ။ မိမိလိုတာရ၊ လိုချင်တာပေးနေစဉ် အတောအတွင်းတော့ သိပ်ချစ်လိုက်တာ ဘာညာနဲ့ ဟော… သူတို့လိုတာလေးများ မရတော့ရင်ဖြင့် ပြဿနာရှာ ရန်တွေ့လိုက်ကြပုံများ မသိရင် သူတို့ကို ကိုယ်တွေကပဲ အလကားမှတ်တင်း တင်ကျွေးရမှာက တာဝန်ကြီးတစ်ရပ်လို အခွင့်အရေးကြီးတစ်ရပ်လို ခံယူနေကြတယ်။