အမှန်တရား

in #steemit6 years ago

image

အမှန်တရားဘက်တော်သား ညီမလေးတစ်ယောက် ရေးထားတဲ့စတေးတပ်

.......................

တရုတ်ပဲ ကုလားပဲ ဘာမှ လာမပြောနဲ့ စင်္ကာပူရောက်သွားရင် မြန်မာပြည်က ဥပဒေနဲ့ နေလို့ မရဘူး.. စင်္ကာပူ ဥပဒေနဲ့ နေရမှာ..ကိုယ့်နိုင်ငံမှာ တရားဥပဒေ စိုးမိုးရင် ဥပဒေ ခိုင်မာရင် ဘယ်က ၀င်လာ ၀င်လာ ဘယ်ကပဲ လာပြီး စီးပွားရေးလုပ်လုပ် ကိုယ့်နိုင်ငံ ဥပဒေ အတိုင်း နေရမှာပဲ..

ကျွန်မ ဘယ်သူ့ဘက်မှ ပိတ်ကာမပြောဘူး.. ဖြစ်ပျက်သမျှ အမှန်တ၇ားပဲ ချပြတာ.. စင်္ကာပူနိုင်ငံမှာ တရုတ်ရော ကုလားရော မြန်မာရော နိုင်ငံတကာ လူမျိုးပေါင်းစုံ နေကြတယ်.. ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်မရသလို ဥပဒေကိုကျော်လွန်ပြိးတော့လည်း ဘာမှ လုပ်မရဘူး.. ကုလားမှ တရုတ်မှ ဘာလူမျိုးမှ မရှိဘူး.. ကုလားပဲဖြစ်ဖြစ် တရုတ်ပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် လူကောင်း လူဆိုး ရှိတယ်.. ကျွန်မကတော့ လူကောင်း လူဆိုးပဲ ခွဲတယ်.. ဘယ်လောက်ပဲ ဗုဒဘာသာတွေ များနေပါစေ မငြိမ်းချမ်းတဲ့နေရာ မငြိမ်းချမ်းဘူး..

ကျွန်မရဲ့ ခံယူချက်ကတော့ ဒါပါပဲ..ဥပဒေ စိုးမိုးရင် နိုင်ငံတစ်နိုင်ငံအောက်မှာ.. ငြိမ်းချမ်းစွာ အတူနေထိုင်လို့ ရမှာပါပဲ.. ဥပဒေ မစိုးမိုးရင် ဗမာလူမျိုး ဗုဒဘာသာတွေချည့်ပဲ နေပါစေဦးတော့ မငြိမ်းချမ်းနိုင်ဘူး

မြန်မာပြည်က ဖြစ်ပျက်နေတာ အကုန်လုံးဟာ.. တ၇ုတ်ကုလားကြောင့် မဟုတ်ဘူး.. စစ်အာဏာရှင်တွေ တမင် အကွက်ဆင်ထားတဲ့ လျော့ရဲတဲ့ ဥပဒေတွေကြောင့်.. သေချာ နားလည်း သဘောပေါက်အောင် လုပ်ကြဦး.

. ရခိုင် အရေးအခင်းမှာ.. အိမ်တွေကို လူတွေ ၀င်ဖျက်စီးနေတယ်.. ဒိုင်းကာပြီး ရဲတွေ ရပ်ကြည့်နေတယ် . ဒါဟာ ဥပဒေလား.. ဒီအရေး အခင်းကို မဖြစ် ဖြစ်အောင် ဘယ်သူ လုပ်ခဲ့လဲ.. မကြီး ကြီးအောင် ဘယ်သူလုပ်ခဲ့လဲ..

ဘာလက်နက်မှ မပါပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့သူကျတော့ ခဲတစ်လုံးကြောင့်ဆိုပီ.. နံပတ်ဒုတ်တွေနဲ့ ၀င်ရိုက်ခဲ့ကြတယ်.. ဒါလား ဥပဒေ..

ခဏခဏ ဖြစ်ပျက်နေတဲ့ လူသတ်မှုတွေ အမှုမှန်မပေါ်ပဲ နှစ်ပေါင်းများစွာ ကြာနေတဲ့ အမှုတွေ ပြည်ထဲရေးဌာနမှာ စာရင်းဘယ်လောက်၇ှိလဲ..
တရားခံက သားနဲ့မယားနဲ့ ပျော်ရွှင်ပြီး မြေးမြစ် တီတွတ် ရနေတာတောင်.. အမှုမှန်မပေါ်သေးဘူး..

နိုင်ငံရေး တရားခံတွေကျတော့ လွှတ်ပေးဖို့ သေမလောက်ကြောက်တယ်.. တော်တာကိုး သူတို့ထက် ပိုပြီး တော်တော့ ဦနှောက်တွေကို ထောင်ချထားတယ်.. အသိဥာဏ်တွေကို ထောင်ချထားတယ်.. ပြင်ပမှာ.. မှုခင်းတွေ များအောင် ထောင်ခါ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတယ်.. ဒါကို မကြိုက်လို့ မပြောဘူး သူတစ်ပါးတွေ လွတ်ရင် စိတ်ချမ်းသာတယ်.. တစ်ခါမှားပြီး နောင်တ ရတဲ့သူတွေဆိုရင်ပေါ့..

ယုတ်မာတဲ့နေရာမှာ ဥာဏ်အကောင်းဆုံး ဆိုတဲ့သူတွေဟာ ဘယ်သူတွေလဲလို့ ဆန်းစစ်ကြည့်ဦး..

ကုလားမယားပဲဖြစ်ဖြစ် တရုတ်မယားပဲဖြစ်ဖြစ် အမျိုးသမီးတွေကိုကာကွယ်ပေးတဲ့ ဥပဒေ ရှိပေမယ့် အသက်မ၀င်ဘူး.. ကားပေါ်မှာ မိန်းကလေးကို ကာယအိနြေ္ဒပျက်အောင် လုပ်ရင်တောင် ထောင်ချလို့ရတယ်.. အဲ့ဒီဥပဒေတွေ အသက်ဝင်ရဲ့လား
အမေရိကန်နိုင်ငံမှာ.. တရုတ်မယားပဲဖြစ်ဖြစ် ကုလားမယားပဲဖြစ်ဖြစ် အမေရိကန် နိုင်ငံသားရဲ့ မယားပဲဖြစ်ဖြစ် လင်မယား အတူ အိပ်ဖို့တောင် မယားက ခွင့်မပြုပဲ အတူအိပ်ရင် ပြစ်မှု မြောက်တယ်ဆိုတာလောက်တော့ သိအောင် လုပ်ထားဦး..(၇ိုင်းသွားရင်ခွင့်လွတ်ပါ ဒီလိုရေးမှ သိမှာမို့လို့ ရေးလိုက်ရတာပါ)

ဒေါ်စုကို ထောက်ခံကြောင်းရေးလိုက်ရင် တွေ့လိုက်ရတဲ့ ကွန့်မန့် မိန်းမ ခါးအောက်က မတက်ဘူး.. အဆဲခံလိုက်ရတဲ့ ကုလားမယား.စကားလုံးတွေက လင်မယားအိပ်ခန်းထဲက မထွက်ဘူး.. စကားလုံးတွေ ရိုင်းလိုက်တာမှ လွန်ပါရော.... ဒါလား ဘာသာသာသနာကို စောင့်ရှောက်မဲ့သူတွေ၊ လုပ်နေတော့ ဗုဒ္ဓအဆုံးအမနဲ့ ၁၀၀% သွေဖည်နေတယ်..ဗုဒ္ဓဘာသာဆိုတာ.. ဗုဒ္ဓအဆုံအမကို လိုက်နာသူလို့ အဓိပ္ပါယ်ရတာကိုလည်း မေ့ထားတယ်..

ဒေါ်စု တက်ရင် ကျွန်မက ကုလားယူလို့ရမှာမို့လားတဲ့ တကယ်ပဲ ဟာသတွေချည့်ပဲ... ဒါတွေ ရေးနေတာ ကုလားနိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်နေတဲ့ကလေးတွေ အတွက် ရေးနေတာ.. ကိုယ့်နိုင်ငံမှာ ကုလားက လူနည်းစု ဖြစ်သလို သူများ နိုင်ငံမှာ ကိုယ့်ဗမာက လူနည်းစုဆိုတာကို သတိရကြဦး.. ကလေးတွေ သူများနိုင်ငံမှာ ဘယ်လို ပုံစံနဲ့ နေနေကြလဲဆိုတာလည်း သတိ၇ကြဦး.. မြန်မာပြည်မှာ အဲ့လိုကိစ္စတွေဖြစ်တိုင်း မလေးရှားက ကလေးတွေကို ဆုတောင်းပေးရတာ အမော..စိတ်ပူရတာ အမောပဲ..

ကျွန်မလည်း လူမဲနိုင်ငံမှာ အလုပ်လုပ်နေတာပဲ.. ဒါပေမယ့် ကျွန်မ မေတ္တာ ကျွန်မ ယုံတယ်..

ကုလားမယား တရုတ်မယားဆိုပြီး လာပြောတဲ့သူတွေ ဘလော့လည်း ရတယ်.. ၀မ်းသာတယ်..
ရင်ထဲမှ ဗုဒ္ဓအဆုံးအမ ရှိရင် ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ပဲ သွားမယ်.. ငြိမ်းချမ်းရေး လမ်းစဉ်သာ အောင်မြင်မှုပဲ..

ဒါ ကျွန်မ ခံယူချက်ပဲ၊
(မေမွန်း)

ပြန်လည်မျှဝေပါသည်

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60633.78
ETH 3383.05
USDT 1.00
SBD 2.52