ရုပ်ရှင်ပညာဘယ်လိုသင်ယူမလဲsteemCreated with Sketch.

in #steemit7 years ago

ပထမဆုံးပြောချင်တာ အခုနောက်ပိုင်းမှာ ဒီ ရုပ်ရှင်ပညာရပ်ကို စိတ်ဝင်တစားဝါသနာပါလာသူတွေများပါတယ်။ အထူးသဖြင့် Film Festival တစ်ချို့ တွေမှာ ပြိုင်ပွဲဇာတ်ကားတွေ ရာချီကျော်ရှိနေတာကို မြင်ရင်ပဲ ဒါကိုတွေ့နိုင်ပါတယ်။ ဆိုတော့ ရုပ်ရှင်ဆိုတာ ဘာလဲ ရုပ်ရှင်ကို ဘယ်လိုလေ့လာကြမလဲလို မေးလာရင် မျိုးစုံသော အကြံဥာဏ်တွေကို တွေ့ရမှာပါ။ ပထမဆုံးကြားရနိုင်တာ သင်တန်းတတ်ဖို့ဖြစ်နိုင်ပါတယ်။ ဒါကလဲ အတိုင်းအတာတစ်ခုထိမှန်နိုင်ပါတယ်။

သင်တန်းတွေအကြောင်းမပြောခင် ရုပ်ရှင်ဆိုတာဘာလဲဆိုတာ အရင်လေ့လာကြည့်ကြည့်ချင်ပါတယ်။ ကျွန်တော့်အတွက်တော့ ရုပ်ရှင်ဆိုတာ အနုပညာပါ။ ဒါဆို လူတိုင်းကပြောနိုင်ပါတယ်။ ဒါကတော့ သူပြောမှလား ရုပ်ရှင်ဆိုတာ အနုပညာဆိုတာ လူတိုင်းသိတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော် သေချာပြောရဲတာက အပြင်လူတော်တော်များများ မသိပါဘူး။ ကျွန်တော်တို့ဆီမှာ ဖောင်းပွနေတဲ့စကားထဲမှာ အနုပညာဆိုတာလဲ ပါပါတယ်။ ရုပ်ရှင်ဖန်တီးခြင်းမှာ အနုပညာအစုအဖွဲ့လိုက်ကြီးပါဝင်နေပါတယ်။ ဒီလိုပဲ နောက်ထပ်ပြောနိုင်တာက ရုပ်ရှင်ဆိုတာ နည်းပညာအစုအဖွဲ့ကြီးလဲဖြစ်ပါတယ်။ နည်းပညာမှာ တော်တော်လေး ရှုပ်ထွေးတဲ့ Science တွေထိဆင်းတဲ့ နည်းပညာအစုအဖွဲ့ကြီးလဲပါပါတယ်။ ဒါ့အပြင်ရုပ်ရှင်ဟာ စီးပွားရေးတစ်ခုဆိုတာလဲ ငြင်းလို့မရပါဘူး။ ဒါ့အပြင် ဖျော်ဖြေရေးလဲ ဖြစ်နေပါသေးတယ်။ ရုပ်ရှင်က ပညာတော့မပေးခိုင်းပါနဲ့တော့။ ရုပ်ရှင်ဖန်တီးသူတွေဟာ လူတွေထဲကလူတွေပဲ ဖြစ်တာကြောင့် လူလူချင်း ပညာသွားပေးနေလို့တော့ အဆင်မပြေပါ။ ကျွန်တော့်အနေနဲ့ ပြန်ချုပ်ရရင် ရုပ်ရှင်ဟာ Art, Technology, Entertainment & Business လို့ သတ်မှတ်ပါတယ်။ ကျွန်တော့်တစ်ယောက်တည်းရဲ့ အမြင်ဖြစ်ပါတယ်။

ပထမဆုံး ရိုက်ကူးဖန်တီးခြင်းအပိုင်းကပဲ ကြည့်ကြပါမယ်။ စစချင်းမှာပဲ ရုပ်ရှင်ဆိုတာ ဇာတ်လမ်း ပုံပြင်တစ်ခုကို ပြောမှဖြစ်တဲ့အတွက် The Art of Storytelling ဆိုတဲ့ ပုံပြောခြင်းအနုပညာဆိုတာ ရှိပါတယ်။ ဒီအထိသင်တန်းနဲ့ တွေးရင် ဒီမှာ Script သင်တန်းတွေ ရှိပါတယ်။ တစ်ချို့နေရာတွေမှာတော်တော်လေး ကောင်းမွန်တဲ့ သင်ကြားမှုတွေကို တွေ့ရပါတယ်။ ဇာတ်လမ်းတည်ဆောက်ပုံတွေ Conflict တည်ဆောက်ပုံ ဇာတ်လမ်း Structure တွေကို သေချာသင်ပေးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်မှာပြောစရာ Story မရှိရင် ဒီသင်ထားသမျှအလကားပါပဲ။ ကိုယ့်မှာရှိတဲ့ Story ကို အကောင်းဆုံးဖြစ်အောင် အထိရောက်ဆုံးဖြစ်အောင် အပြင်းထန်ဆုံးဖြစ်အောင် လုပ်တဲ့နည်းတွေသင်ပေးလို့ရပေမယ့် ကိုယ်ကိုယ်တိုင်မှာတော့ ပြောစရာ Story တွေ ပြောချင်တဲ့ Story တွေ ပြည့်နှက်နေဖို့လိုပါတယ်။ ဒီလို Story တွေ ဘယ်နေရာက ရှာနိုင်တယ် ဘယ်က Inspiration ယူလို့ရတယ်ဆိုတာမျိုးတွေလဲရှိပေမယ့် ကိုယ်ကိုယ်တိုင်မှာ ပါရမီပါလာဖို့တော့လိုပါတယ်။ ပြောချင်တာတွေ ပြည့်နှက်ဖို့လိုတယ် ထင်ပါတယ်။ ဒါ့ကြောင့် ဇာတ်ညွှန်းသင်တန်းသွားတတ်လိုက်တာနဲ့ ချက်ချင်း Storyteller ဖြစ်လာမှာမဟုတ်ပါဘူး။

နောက်တစ်ခုဖြစ်တဲ့ Cinematography ဖြစ်တဲ့ ရိုက်ကူးရေးပညာရပ်ကို သင်တဲ့သင်တန်းတွေ အများကြီးရှိပါတယ်။ ဒီတစ်ခုက နည်းနည်းပိုဆိုးပါတယ်။ Cinematography ဆိုရင် Camera ကိုင်ပြီး ရိုက်ကူးကြတာကိုပဲ ပြေးမြင်ကြတတ်ပါတယ်။ Camera Operation က နည်းပညာပိုင်းသက်သက်ပါ။ Setting တွေ Camera Codec တွေ Format တွေ ကိုင်တွယ်တတ်တာက နည်းပညာပါ။ ခုဏကပြောခဲ့တဲ့ Story ကို Camera Shot, Angle တွေ Movement တွေကနေ ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းရဲ့ အနိမ့်အမြင့်နဲ့ Feeling ကို ခံစားလာအောင်လုပ်တာက Art ပါ။ Camera ကိုင်တတ်ရုံ Composition မလွဲရုံရိုက်တာက အနုပညာမဟုတ်ပါဘူး။ သင်တန်းတွေက ဘာအများဆုံးပေးနိုင်မလဲဆိုတော့ နည်းပညာပိုင်း အခေါ်အဝေါ်နဲ့ အယူအဆအခြေခံတွေပဲ များသောအားဖြင့်ပေးကြတာတွေ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Cinematography & Camera သင်သူပါ။ ကျွန်တော်တို့က Camera ကိုင်ပြီး Field ထဲ ဆင်းသွားနိုင်အောင်လုပ်ပေးဖို့ပဲ တောင်းဆိုခံရပါတယ်။ ဒါက Wide Shot ဒါက Close Up ဆိုပြီးစသင်လိုက်ပါတယ်။ အခြေခံအယူအဆဖြစ်တဲ့ Low Angle ဆို ဘယ်လို Mood စသဖြင့် ပြောလိုက်ပါတယ်။ ဒါပေမယ့် သိစေချင်တာက ရုပ်ရှင်ဟာဒီထပ်အများကြီး ပိုတယ်ဆိုတာပါ။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ Shot Size တွေ Angle တွေ Movement တွေဟာ ပရိတ်သတ်က သူတို့မသိလိုက်ခင်မှာပဲ သူတို့ကို လွှမ်းမိုးပြီး Story ပေးချင်တဲ့ Mood ကို Derive လုပ်သွားနိုင်တာမျိုး ဖြစ်ရပါမယ်။ ဒီလို လုပ်ဖို့ ဒီ Cinema Language လို့ ခေါ်တဲ့ ရုပ်ရှင်ဘာသာစကားကို နားလည်ရပါမယ်။ အနက်ကို မြင်နိုင်ရပါမယ်။ ပြန်ဖန်တီးနိုင်ရပါမယ်။ ကျွန်တော်တို့သင်တန်းတွေကလဲ အဲ့ဒီအပိုင်းကို နားလည်ရုံလောက် အဆင့်ကိုပဲ ပေးနိုင်ပါတယ်။ နောက်များမှာတော့ Film Education ပေါ်လာရင်တော့ အများကြီး ကောင်းလာနိုင်ပါတယ်။ အခုတော့ Education ထပ် Shortcut Training တွေပဲ များပါမယ်။ ကျွန်တော်ကိုယ်တိုင်လဲ Shortcut ပဲ သင်နေတဲ့သူပါ။ Art လဲ ကိုယ်မှမသိကိုး။
Entertainment & Business က ဖန်တီးသူ အနုပညာရှင်တွေ သိပ်အာရုံစိုက်လေ့မရှိတဲ့ အရာတွေပါ။ ပညာရပ်ပိုင်းအရပြောလဲ ကျွန်တော်တို့တွေ စိတ်ဝင်စားကြမယ့် အရာမဟုတ်လို့ မပြောတော့ပါဘူး။ တစ်ကယ်တန်း Professional အဖြစ်ရပ်တည်မယ်ဆိုရင်တော့ နားလည်အောင်လုပ်ထားရမယ်တော့ ထင်ပါတယ်။ ဒီမှာတော့ ထားပါ။

Art နဲ့ Technology မှာပဲ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောချင်ပါတယ်။ Technology အရ သင်တန်းကောင်းကောင်းတစ်ခုကို Starting Point အနေနဲ့ စတင်သင့်ပါတယ်။ သူတို့က ဘာပေးနိုင်မလဲဆိုတော့ ဆက်လေ့လာဖို့ အခြေခံကို ပေးနိုင်ပါလိမ့်မယ်။ Internet ကို အသုံးပြုပြီး ကျန်တာကို ဆက်ရမှာဖြစ်ပါတယ်။ Technology ဆိုတာက မလိုက်နေရင် အမြဲပြောင်းလဲနေမှာပါ။ Internet ကောင်းကောင်းသုံးဖို့နဲ့ English Reading & Listening ကောင်းကောင်းရရင် နည်းပညာကို တောက်လျှောက်လိုက်နေနိုင်မှာပါ။ Youtube မှာလဲ အများကြီးရှိပါတယ်။ ကျွန်တော့်လို စာဖတ်မပျင်းဖို့နဲ့ သိချင်စိတ်ပြင်းပြဖို့ပဲလိုပါတယ်။ Dynamic Range ဆိုတာဘာလဲ Latitude ဆိုတာဘာလဲ LOG ဆိုတာဘာလဲ RAW ဆိုတာဘာလဲ Codec ဆိုတာ ဘာလဲ နောက်ဆုံး Camera တွေ ဘယ်လို အလုပ်လုပ်လဲကအစ အကုန်လိုက်လေ့လာလို့ရပါတယ်။ နောက်ဆုံးပေါ် Tools တွေ ဘာတွေရှိလဲ သူတို့နဲ့ ကိုယ်လုပ်ချင်တာ ဘာတွေလုပ်လို့ရလဲ စသဖြင့် လေ့လာနေလို့ရပါတယ်။

Art အရ လေ့လာရတာ ပိုပျော်ဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်များများကြည့်ဖို့ပါပဲ။ ခံစားဖို့ မကြည့်ပဲလေ့လာဖို့ ကြည့်ပါ။ ကြည့်တဲ့ကားလေးတော့ ရွေးပေါ့နော်။ Composition တွေ Camera Movement တွေကို သည်းသည်းသန်သန်လေ့လာချင်တဲ့အချိန်မှာ Michael Bay ကား သွားကြည့်လို့ အဆင်မပြေနိုင်ဘူးပေါ့။
Internet မှာ ရှာကြည့်ပါ။ Filmmaker တွေ ကြည့်သင့်တဲ့ ဇာတ်ကားစာရင်းတို့ Cinematography ပိုင်းအရ ကြည့်သင့်တဲ့ ဇာတ်ကားတို့ စသဖြင့်ရှိပါတယ်။ နောက်ပြီး Filmmaking မှာ Influence ဖြစ်ပြီး Cinema Language အသစ်တွေ ဖန်တီးခဲ့တဲ့ Hitchcock လို Director ရဲ့ ဇာတ်ကားတွေ ပြန်ရှာကြည့်တာတွေလုပ်လို့ရပါတယ်။ (အတင်းကြီးတော့လဲ မကြည့်ချင်ပဲလဲမကြည့်ပါနဲ့ အိပ်ပျော်သွားတတ်ပါတယ်) သူတို့ဆီက ဘာတွေရနိုင်လဲဆိုရင် အကုန်လုံးပါပဲ။ ကျွန်တော်ဆိုရင်တော့ Staging & Blocking တွေ Camera Movement တွေကို အာရုံထည့်ပြီးလိုက်ကြည့်ပါတယ်။ ကျွန်တော်တို့ သိထားတဲ့ ရိုးရိုးရှင်းရှင်းမဟုတ်တာတော့ သေချာပါတယ်။ ကျွန်တော်တို့ သင်ခဲ့ရတဲ့ Standard Techniques တော်တော်များများဟာ တစ်ကယ့် Artist လို့ သတ်မှတ်ထားကြတဲ့ Director တွေ ရိုက်တဲ့ ရုပ်ရှင်တွေမှာ မတွေ့ရပါဘူး။ ဥပမာ ကျွန်တော်တို့သိကြတဲ့ လူနှစ်ယောက်စကားပြောရင် Over The Shoulder – Medium Close Up – Close Up စသဖြင့် Coverage အစုံနဲ့ ရိုက်ကြပါတယ်။ Hollywood ဇာတ်ကားတော်တော်များများမှာလဲ ဒီပုံစံကိုတွေ့ရပါတယ်။ Edit မှာ Shot တွေကို Back & Forth လုပ်တယ်ပေါ့။ တကယ်တန်းက စဉ်းစားကြည့်ရရင် Camera တစ်လုံးတည်းနဲ့ရိုက်ရင်ပိုဆိုးပါတယ်။ သရုပ်ဆောင်တွေ ပင်ပန်းပါတယ်။ သူတို့ပင်ပန်းမှာဆိုးလို့ Coverage မရိုက်တော့ဘူးလားဆိုတော့လဲ မဟုတ်ပါဘူး။ တစ်ချို့ဇာတ်ကားတွေမှာ ဒီလို Standard Coverage ပုံစံကနေခွဲထွက်ပြီး Viewer Eye ကို တခြားဟာတွေနဲ့ Direct လုပ်တာတွေတွေ့ရပါတယ်။ Composition နည်းတွေ သရုပ်ဆောင်တွေရဲ့ အကြည့်တွေ Lighting တွေ Blocking တွေနဲ့ ဖန်တီးတာတွေတွေ့ရပါတယ်။ ရော့ ငါကြည့်စေချင်တာသူ CU ကွာလို့လုပ်လိုက်တာထပ် ဒီထဲမှာကိုပဲ ကြည့်စေချင်တဲ့သူကို တခြားနည်းလမ်းတွေနဲ့ Direct လုပ်ကြတာမျိုးတွေပါ။ Filmmaking ကို သေချာ စနစ်တကျ Formal Education ရှိခဲ့သူတွေကတော့ ဒါတွေရင်းနှီး ကျွမ်းဝင်ပြီးသားဖြစ်မှာပါ။

သေချာသိချင်ရင်တော့ ရုပ်ရှင်များများကြည့်ကြပါလို့ တိုက်တွန်းပါတယ်။ ဒ့ါကြောင့် ရုပ်ရှင်များများကြည့်ရပါမယ်။ Hitchcock ဇာတ်ကားတွေဟာ နည်းနည်းဟောင်းနေလို့ ပျင်းစရာကောင်းတယ်ထင်ရင် နောက်ဆုံး Steven Speilberg ဇာတ်ကားတွေ ကြည့်လို့ရပါတယ်။ နောက်တစ်နည်းကတော့ Youtube ပေါ်မှာ Film Analyst တွေရဲ့ Video တွေ လေ့လာလို့ရပါတယ်။ ဒါက ကိုယ့်ဘာသာကြည့်တာထပ် မြန်ပြီးစုံစုံလင်လင်တွေ့ရပါမယ်။ တစ်ခုပါပဲ။ သူများ Analysis ကို ကြည့်တာမို့ သူပြောတာကိုပဲ အလိုလိုလက်ခံမိတတ်ပါတယ်။ ကိုယ့်ဘာသာကြည့်ပြီး ကိုယ်တစ်ကယ်ခံစားရတာကို လေ့လာရင် ပိုပြီးကောင်းမှာပါ။

အဆုံးသတ်ကတော့ ရုပ်ရှင်ဖန်တီးခြင်းကို သင်ယူဖို့ဟာ ကိုယ်ကိုယ်တိုင် အနုပညာကိုခံစားတတ်ပြီး အနက်ကိုမြင်အောင်ကြည့်တတ်ဖို့နဲ့ ကိုယ်ကိုယ်တိုင် ပြန်ဖန်တီးနိုင်ဖို့ပါပဲ။ နည်းပညာပိုင်းကတော့ စာများများဖတ်ဖို့နဲ့ Internet Community တွေမှာ Member ၀င်ထားရင်အများကြီး အကျိုးရှိမှာပါ။ ရုပ်ရှင်ဖန်တီးခြင်း Process မှာပါတဲ့ အနုပညာ နည်းပညာတိုင်းဟာ အင်မတန်ကျယ်ပြန့်တာမို့ ဘယ်တော့မှတော့ အကုန်သိသွားမှာမဟုတ်ပါ။ လေ့လာရင်း ဖန်တီးကြရမှာပါ။ ဒီဆောင်းပါးမှာပါတဲ့ အချက်အလက်တွေဟာ ကျွန်တော့် အထင်နဲ့ အတွေ့အကြုံသီးသန့်သာဖြစ်တာမို့ လွဲမှားတာမျိုးရှိရင် ပြင်ဆင်ဖတ်ရှုပေးပါရန် တောင်းပန်ပါတယ်။ ဒီထပ်နက်နဲတဲ့ ရုပ်ရှင်ပိုင်းကိုလဲ ကျွန်တော်မမှီတဲ့အတွက်သိသလောက်လေးပါ။

Written by Phyo Zan

Sort:  

Hi. I am a volunteer bot for @resteembot that upvoted you.
Your post was chosen at random, as part of the advertisment campaign for @resteembot.
@resteembot is meant to help minnows get noticed by re-steeming their posts
Even better: If your reputation is lower than 28 re-steeming only costs 0.001 SBD!
If you want to learn more - read the introduction post of @resteembot.
If you want help spread the word - read the advertisment program post.

Congratulations @thurasoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

I want to know more, do you know i am your follower @ronaldmcatee

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.030
BTC 67646.55
ETH 3796.22
USDT 1.00
SBD 3.52