ခေတ်ပေါ်အစားအစာ

in #steempress7 years ago (edited)


ခေတ်ပေါ်အစားအစာ ဆိုလိုက်လို့လည်း အထူးအဆန်း အစားအစာ အထူးတလည်ပြုလုပ်

စီမံထားသော စားသောက်ဖွယ်လို့ ထင်ကြပေဦးမည် တကယ်ကတော့ ယခုခေတ်ပေါ်အစား

အစာဆိုသည်ကာ မြင်တာက တစ်မျိုး စားရတာက တစ်ဖုံ တကယ့်အစစ်အမှန်က တဘာသာ

ဖြစ်နေသော အစားအစာအကြောင်းသာဖြစ်လေသည်။

တနေ့ကဘဲ မိတ်ဆွေတစ်ယောက် အစားအသောက်နဲ့ ပါတ်သက်ပြီး ရင်ဖွင့်လေသည်။

အခြားသူများအားလည်း သူ့ခမျာ မပြောရဲရှာ ရင်းနှီးသော မိမိကိုသာ ပြောပြခြင်း ဖြစ်လေသည်။

သူက အသားခြောက် ကြိုက်သော သူဖြစ်လေသည်။ အသားခြောက်လေး မီးဖုတ်ပြီး

ပဲဆီလေးဆမ်းလို့ သံပရာသီးလေးညှစ်ကာ ရေနွေးတစ်အိုးနဲ့ ဇိမ်ကျကျ စားသောက်တက်တဲ့သူ

ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ အသားတုနှင့် ကြုံဆုံရသည်လို့ ဆိုပါတယ်

ဒီတစ်ခါတော့ သူအတော်ကို စိတ်ညစ်လို့သွားရသည် အမြဲစားလာတဲ့ အသားခြောက်စားသော

အကျင့်ကိုတောင် ပြင်တော့မယ်ဟု ဆိုလာတဲ့အထိပါ။

သူကြုံရတာက ဒီလိုပါ။ ဆိတ်သားခြောက်တို့ ငါးရံ့ခြောက်တို့ ဆက်သားခြောက်တို့က အမြဲစား

နေကျ တစ်နေ့တော့ ထူးထူးဆန်းဆန်း ရှားရှားပါးပါး ဂျီသားခြောက်လေး ရလာတော့သည်။

ထုံးစံအတိုင်း မီးလေးဖုတ် အနံ့လေးကမွှေးတေးတေး သံပရာသီးလေးညှစ် ရေနွေးတစ်အိုးနဲ့

နှပ်လေတော့သည်။ စားပြီးသွားတဲ့အထိ ဘာမှမဖြစ်သေး ညပိုင်းလဲရောက်ရော သူ့ခမျာ

ရင်တွေပူပြီး ရေတွေငတ်ကာ တစ်ကိုယ်လုံး ပူစပ်ပူလောင် အိုက်စပ်လို့နေတယ်ဟု ဆိုလေသည်။ အဲ့ဒီလိုဖြစ်တာက တစ်ညနဲ့ တစ်မနက်လောက် ကြာသွားတယ်ဆိုဘဲ

သူသဘောပေါက်လိုက်ပါသည်။ ရှားပါးတဲ့ ဂျီသား စားမိလေသောကြောင့် အရသာက တယ်ပြီး ကောင်းလွန်းနေခဲ့သည်။ ညတောင် မအိပ်နိုင် ပူစပ်ပူလောင်လို့ ရင်တွေပူကာနေခဲ့ရလေသည်။

ဘာသားနဲ့ တိုးလာတယ်တော့ ထည့်မပြောတော့ပါဘူးလေ

အခုခေတ်ကာလထဲ ဘယ်အရာမှ နဂိုမူလ စစ်စစ်မရှိတော့ဆိုတာ မှန်လို့နေလေပြီ

အားလုံးက အရောရောအနှောနှောနဲ့ အတုတွေချည့်ပါကော

မိတ်ဆွေက တော့ ခေတ်ပေါ်အစားအစာ စားမိပြီးကတည်းက သူ့အစားသောင်းကျန်းသည့်

အကျင့်အား အပြီးတိုင် တစ်ခန်းရပ်လိုက်သည်ဟု ဆိုခဲ့လေသည်။

ခေတ်ကာလအခြေအနေကိုက အတုတွေ ရေပန်းစားလို့နေသည်။ ဆန်အတုဆိုတာလည်း

ကြားရမည်။ ကြက်ဥအတုတွေလည်း မြင်ရသည်။ ကြာဆံအတုတွေလည်းရှိသည်။ ငါးအတု

အသားအတု ဟိုဒင်းအတုတွေလည်း ဈေးကောင်းကောင်းနဲ့ ရောင်းကြသည်။ လူအတုတဲ့

လူတွေကိုက အတုကို သဘောကျလာသည့်ခေတ်ဖြစ်လေတော့ အတုတို့သည်လည်း

နေရာရလာသည့်သဘောဖြစ်လေသည်။ အစစ်တွေက တိမ်ကောပပျောက်သွားနိုင်သည့်

အခြေအနေတောင် ရောက်လာနိုင်သေးသည်။

အတုကိုအတုမှန်းသိလျှက် အသုံးပြုရသည်က ပြသနာမဟုတ် သူ့လိုအပ်ချက်နဲ့သူ

အစစ်နေရာ အတုရောလို့ အင်လုပ် ဂျင်းထည့်သည်ကတော့ ခံစားရခက်

လေမည်။ အစားအစာတော့ အတုမလုပ်ကြပါလေနှင့်ဦး ကျန်တာတွေ တုချင်တုပါဟု

ဆိုချင်မိသည်။

 

Author : @bobokyaw


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=31

Sort:  

ကျန်တာတု ရသပေါ့ အတုလုပ်သူတွေကြားရင်
သဘောခွေ့နေလောက်ပြီ

အဲ့ ......... အဲ့သလို ဖြစ်သွားတယ်နော အစ်ကိုကြီးရေ

အမငေး ခေတ်ပေါ်အစားစာတွေကြောက်စရာ အမလဲ ဈေးကဆို ဘာသားခြောက်မှန်းမသိ မဝယ်ရဲဘူး ဈေးက အတော်သက်သာတေလေ။ တကယ့်အသားစစ်ဆို ဘယ် ဒီဈေးနက်ကမလဲ မစားရရင်နေပါစေ ဒါမျိုးတော့ စားချင်ဘူး😁

တံဆိပ်ကပ်ပြီး ရောင်းကြတာဆိုတော့ စစ်တယ်ထင်တာဘဲ
စိတ်ချရအောင် အသီးအရွက်ဘဲ စားတာကောင်းမယ်ထင်တယ်

အကိုရေ steempressအကြောင်းလေး လာမေးအုန်းမယ်နော်။fbအကောင့်လေးပြောပြခဲ့ပါအုံး

Posted using Partiko Android

မင်းသိလာမယ်