FB ပေါ်မှ မှတ်သားစရာများ

in #steempress5 years ago

ဒီနေ့ FB ပေါ်မှာ မှတ်သားစရာ စာနှစ်ခုကို ဖတ်လိုက်ရပါတယ်။ ပထမတစ်ခုကတော့ Job နဲ့ Career အကြောင်းကို ရှင်းပြထားတာ ပဲ ဖြစ်ပါတယ်။ လူငယ်တွေကပြောကြတယ် အလုပ်ရှားတယ်ပေါ့။ အလုပ်မရှိဘူးပေါ့။ ဘာဖြစ်လို့ အလုပ်ရှားတာလဲ။ အလုပ်ရှင်က အလုပ်မပေးနိုင်တာလား။ လုပ်ငန်းတွေ ရပ်တန့်နေတာလား။ ဒါမှမဟုတ် လုပ်ငန်းတွေလဲ လည်ပတ်နေရဲ့သားနဲ့ လုပ်ငန်းနဲ့ ကိုက်ညီမယ့် လုပ်သား မရှိတာလား။

Job ဆိုတာကတော့ အလုပ်ပါ။ ကိုယ်လုပ်တဲ့ အလုပ်အတွက် ပိုက်ဆံရမှာ ဖြစ်ပါတယ်။ Career ကတော့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းမှုပါ။ အလုပ်ကတော့ ကိုယ်ပိုင်အလုပ်လဲ ဖြစ်ရင်ဖြစ်မယ်။ သူများဆီမှာ လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်။ အခိျု့တွေက လစာရတာနည်းတယ်။ ငါလဲ တန်သလောက်ပဲ လုပ်မယ်။ ဒီလိုတွေကြပါတယ်။ ဒါကတော့ မိမိရဲ့လက်ရှိအလုပ် အပေါ်မှာပဲ အဓိကထားစဉ်းစားတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒိထက်များတဲ့လစားနဲ့ အခြားလုပ်ငန်းတစ်ခုက ခေါ်ရင်ရော ကိုယ်သွားလုပ်နိုင်မှာလား။ ကိုယ့်မှာအဲ ဒီအလုပ်ကိုလုပ်ဖို့အတွက် အရည်အချင်းပြည့်မှီနေပြီလား။ Career ကတော့ ကိုယ့်ဘာသာကို ဘဝကို တည်ဆောက်ခြင်းပါပဲ။ လစာနည်းတာများတာ၊ အခြားသူတွေက ခိုနေတာ မခိုနေတာကို ဂရုမစိုက်ပါဘူး။ ကိုယ်ရည်မှန်းထားတဲ့ လုပ်ငန်းအတွေ့အကြုံရအောင် လုပ်တတ်ကိုင်တတ်အောင် ကြိုးစားသင်ယူပါတယ်။ ကိုယ့်ဘက်က အရည်အချင်းတွေ ရှိလာတဲ့အချိန်မှာ အလုပ်ရှင်ဘက်ကလဲ လစာတိုးပေးတာတွေ လုပ်လာပါတယ်။ ကိုယ့်ဘက်ကလဲ အခြား လုပ်န်းတစ်ခုက ခေါ်လာခဲ့ရင် အချိန်မရွေးပြောင်းနိုင်တဲ့ အရည်အချင်းရှိရမှာ ဖြစ်ပါတယ်။
အလုပ်ကို ရှာရင်တော့ အလုပ်ရှားမှာပါ။ Career ကို တည်ဆောက်နိုင်ရင်တော့ အလုပ်မရှားနိုင်ပါဘူး။

နောက်ထပ်ပိုစ့်တစ်ခုကတော့ ကစားနည်းလေး တစ်ခုအကြောင်းပါ။ "ကွမ်းသီးလေးလုံး မလေးလုံး တစ်လုံးဆွမ်းတော်တင် တစ်လုံးရေထဲကျ ငါငုပ်လို့ရ"


Image Source

ဒီနေရာမှာ ကွမ်းသီးက လေးလုံးပဲ ဖြစ်ရမှာ ဖြစ်ပါတယ်။ ငါးလုံးလဲ မရပါဘူး။ ခြောက်လုံးလဲ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥမမယ် စာမမြောက် ကလေးလေးရဲ့ လက်သီးဆုပ်နှစ်ခုရယ်၊ မိဘနှစ်ပါးရဲ့ လက်သီးဆုပ်တစ်ခုစီရယ် ပေါင်းစပ်မှ ဒီကစားနည်းကို ကစားလို့ရမှာ ဖြစ်ပါတယ်။ ကလေးလေးက လက်သီးဆုပ်ကို ကွမ်းသီးလို့ပဲ မှတ်ထားပါတယ်။ သူ့စိတ်ထဲမှာ ဒီကစားနည်းက ပျော်စရာကောင်းတယ် လို့ထင်ပါတယ်။ သူပျော်ရွင်တဲ့အခါမှာ မိဘတွေလဲ လိုက်ပျော်ရွှင်ရပါတယ်။ ဒါကတော့ ဒီကစားနည်းရဲ့ အဓိက အချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် မိဘတွေ ကွဲကွာသွားတဲ့ အခါမှာ ကလေးအနေနဲ့ ဒီကစားနည်းကို ကစားလို့မရတော့ပါဘူး။ အိမ်ထောင်တစ်ခုကို မပြိုကွဲအောင် ထိမ်းသိမ်းနိုင်မှသာ ကလေးတွေရဲ့ ဘဝမှာ ပျော်ရွင်နိုင်မှာပါ။ ဥမကွဲပေမဲ့ အသိုက်ပျက်သွားခဲ့ရင်လဲ ဥကလေးတွေမှာ ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။


Image Source


Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=200
Sort:  

မှတ်သားစရာ ကောင်လောက် အသိပညာ ဗဟုသုတ ကြွယ်ဝ လှသော စာသားတွေဖတ်ကလို့ ကျေးဇူးနော် ဆက်လက်အားပေးနေပါမယ် နော် bro

Posted using Partiko Android

ကွမ်းသီး လေးလုံး အတွေးကတော့ အခုမှပဲပေါက်သွားတယ်ဗျာ။

Posted using Partiko Android

🎁 Dear @aggamun,

SteemBet Seed round SPT sale is about to start in 2 days!

When our started the development of SteemBet Dice game, we couldn’t imagine that our game would go so viral and that SteemBet would become one of the pioneers in this field.

In order to give back to our beloved community, we’ll distribute 4000 STEEM to SPT holders immediately after Seed sale. Plus, investors in this earliest round will be given 60% more tokens as reward and overall Return on Investment is estimated at 300%!

Join the whitelist on SteemBet webiste now and start investing! Feel free to AMA on Discord

spt-sale-2-day.jpg

🎁 Dear @aggamun,

SteemBet Seed round SPT sale is about to start in 2 days!

When our started the development of SteemBet Dice game, we couldn’t imagine that our game would go so viral and that SteemBet would become one of the pioneers in this field.

In order to give back to our beloved community, we’ll distribute 4000 STEEM to SPT holders immediately after Seed sale. Plus, investors in this earliest round will be given 60% more tokens as reward and overall Return on Investment is estimated at 300%!

Join the whitelist on SteemBet webiste now and start investing! Feel free to ask us anything on Discord https://discord.gg/tNWJEAD

spt-sale-2-day.jpg

Hi, @mmunited!

You just got a 3.17% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

!bookkeeping drugwars

Hi @mmunited!

drugwars

Received:

  • 107.160 STEEM from daily
  • 89.901 STEEM from heist
  • 9.159 STEEM from referral

Spent:

  • 391.991 STEEM

Total:

  • -185.771 STEEM

First transfer was before 68.01 days.
Your ROI per day is 0.77 % and you are earning approx. 3.03 STEEM per day.
Break even in approx. 61.3 days.

ROI when taking only the last 5 days into account

Your ROI per day is 0.16 % and you are earning approx. 0.64 STEEM per day.
Break even in approx. 289.8 days.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

အလုပ်ဆိုတာကိုပညာနဲ့သာဒွန်တွဲပြီးရှာဖွေမယ်ဆိုရင်တော့ငွေဆိုတာလူတွေအတွက်မရှားပါဘူး………နည်းသည်ဖြစ်စေ များသည်ဖြစ်စေ စတင်လုပ်ကိုင်ကြည့်မယ်ဆိုရင်ပေါ့………

ကွမ်းသီးလေးလုံးဆိုတာ ဒါကိုပြောတာပါလား

Posted using Partiko Android

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66342.41
ETH 3548.63
USDT 1.00
SBD 3.09