GOLD I ရောက်ပြီ

in #steempress6 years ago (edited)

ဒီနေ့တော့ GOLD I ကို အောင်မြင်စွာနဲ့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Gold I ရောက်သွားပြီ ဖြစ်တဲ့အတွက် ရာသီကုန်ရင် Silver I ကနေ ပြန်စရမှာ ဖြစ်ပါတယ်။ ရာသီကုန်မှာ ကဒ် ၃၀ အထိ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ ကဒ်များလေလေ ကောင်းတာရဖို့ အခွင့်အရေး များလေလေပါပဲ။ ဒါပေမဲ့ ကိုယ့်ကံကိုက မကောင်းရင်တော့လဲ မတတ်နိုင်ဘူးပေါ့ဗျာ။

https://steemmonsters.com?p=battle&id=4e1678f2c40d71b3200e6911eecdedbac334bacc&ref=mmunited

ဒီနေ့တော့ အပေါ်က တိုက်ပွဲလေးကို မျှဝေချင်ပါတယ်။ Silence summoner စည်းမျည်းမှာ တစ်ဖက်လူက ရေလှိုင်းသုံးလာမယ်ဆိုရင် Clay Golem + Crystal Werewolf အတွဲ က အကောင်းဆုံးပါပဲ။ သူ့ ကဒ်တွေက ကျွန်တော့်ထက်တောင် သာနေပါသေးတယ်။ Summoner က လယ်ဗယ် တစ်ဆင့် ပိုမြင့်တဲ့အတွက် Sea Genie က လယ်ဗယ် ၆ ဖြစ်နေပါတယ်။ ကျန်တဲ့ ကဒ်တွေ ကတော့ အတူတူပါပဲ။

Crystal Werewolf က magic ကို ၁ လျှေ့ပေးတဲ့အတွက် အောက်ကပုံအတိုင်းပဲ ကျန်ပါတော့တယ်။

အဲဒါကို Clay Golem က ထပ်ပြီးတော့ ၁ လျှော့ပါသေးတယ်။ Medusa နဲ့ Sea Genie က သုံးမရ ဖြစ်သွားပါတယ်။ Medusa ရဲ့ မူးတာ တစ်ခုပဲ ကျန်ပါတော့တယ်။ Ruler of the Seas ကလဲ ယဲ့ယဲ့ပဲ ကျန်ပါတယ်။ ဒီကြားထဲ့ Divine Healer က သွေးပြန်ဖြည့်ပေးနေတော့၊ Armorsmith ကလဲ ဒိုင်းပြန်ပြန်တင်ပေးနေတော့ ရန်သူ့အနေနဲ့ ဘာမှကို လုပ်လို့ မရဘူး ဖြစ်သွားပါတယ်။

ကျွန်တော့်ဆီမှာ Peakrider တစ်ကဒ်ရှိပါတယ်။ သူများကနေ ခဏပေးထားတာပါ။ သူက armor ကို ၃ ပေါင်းပေးပြီးတော့ Range attack ကို ၁ လျှော့ပေးပါတယ်။ သူနဲ့ Clay Golem နဲ့ကို တွဲသုံးရင် Magic ကိုရော Range ကို ရော ကြောက်စရာ မလိုပါဘူး။ သူများတွေထက်လဲ ပိုပြီး ခံနိုင်ရည်ရှိပါတယ်။ မကောင်းတာကတော့ ၅ mana သုံးရတာပါ။ ကောင်းတဲ့အချက်ကတော့ GF ဖြစ်နေတာပါပဲ။



Posted from my blog with SteemPress : https://steemhosting.com/?p=167
Sort:  

Hi, @mmunited!

You just got a 2.93% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

စွဲလှချီလားဦးလေး လေးစားပါတယ်