အလှပမက်တဲ့ မိန်းကလေးငယ် သေချာနားထောင်ကွယ်
မိန်းကလေးများသည်လှပချင်ကြသည်သူတို့၏ပင်ကိုယ်
ဗီဇသည်ကားဖြစ်ပေါ်လာသောစိတ်ဖြစ်သည့်အပြင်
သူတို့၏ရုပ်လက္ခဏာအရဖြစ်ပေါ်လာသောသဘာဝ
တရာတစ်ခုလည်းဖြစ်သည်အလှပမက်လွန်း၍လည်း
မကောင်းပေ အလှပမပြုပြင်ပြန်လျှင်လည်းကြည့်ရရှုရ
သူတို့၌အတန်ငယ်ပြောင်းလဲသွားနိုင်သည်။မိန်းကလေး
တစ်ယောက်အလှပမက်သည်ကိုဘာမျှမပြောလိုပါ
သို့သော်အလှပမက်လွန်း၍ ပျက်ဆီးရသောသာဓက
များစွာရှိကြသည် မာဃလုလင်အားဗုဒ္ဓဘာသာဝင်များ
အလွန်သူငယ်ချင်းအရင်းကြီးသဖွယ်ရင်းနှီးနေကြမည်
ကိုအထူးပြောဖို့လိုမည်မထင်ပေ မှန်၏သိကြားမင်း
မဖြစ်ခင်ကိုမာဃသည်ရွာကြီးတစ်ရွာရှိသူကြီးတစ်
ယောက်ဖြစ်ခဲ့၏ရွာတွင်ကိုသိုလ်ကောင်းမှုများစွာကိုပြု
အဖော်သုံးကျိတ်နှစ်ယောက်တို့နှင့်ဇနီးမယားသုံး
ယောက်တို့နှင့်အတူပြုလုပ်ကြသော်လည်း သူဇာတာ
အမျိုးသမီးလေးမှာ သူ့ယောက်ျားလုပ်လျှင်သူလည်းရ
လိမ့်မည် သူအထူးလုပ်နေစရာမလို အလှပသာပြုပြင်
၍နေမည်ဟုဆုံးဖြတ်ကာ အလှပကို ပြုပြင်လိမ်းချယ်၍
လှသထက်လှအောင်ပြင်၍နေလေသည်။အသက်ရွယ်
တို့ကြီးရင့်လာပြီးသေဆုံးကြသောအခါ၌ ကိုမာဃနှင့်
သူ၏အဖော် မိန်းမတို့မှာနတ်ပြည်တွင်ဖြစ်ရပြီး သူဇာ
တာလေးမှာတော့ဗျိုင်းမလေးဖြစ်သွားရလေသည်
ထိုအခါသိကြားမင်းက ထိုဗျိုင်းမလေးအားသူတစ်ပါး
အသက်ကိုမသတ်စေပဲဥပုသ်စောင့်ပါကကောင်းရာ
သုဂတိရောက်မည်ဟုပြောဆိုပြီးကုသိုလ်ယူစေသည်
ထိုအခါတွင်ဗျိုင်းမလေးဟာသူတစ်ပါးအသားကိုမစား
ပဲနေလေရာမကြာမှီသေဆုံးပြီးအသုရာနတ်မင်းကြီး၏
သမီးသွားဖြစ်ရလေသည် ထိုနတ်သမီးအရွယ်ရောက်
လေသော်ဖခင်အသုရာမင်းကြီးမှသမီးပျိုအားလင်ပေး
စားပွဲရွေးချယ်လေတော့သည်ထိုအခါသိကြားမင်းမှာ
အဖိုးအိုဟန်ဆောင်၍သွားရောက်ပန်းကုံးစွပ်ခံလေတော့
သည် သိကြားမင်းဖြစ်၍စွပ်လိုက်သောပန်းကုံးမှာလည်း
သိကြားမင်းထံသို့ရောက်သွား၍သဘောတူပေးစားလိုက်
ရာသိကြာမင်းသည်အသုရာနတ်သမီးကိုခိုး၍ခေါ်ဆောင်
သွားလေတော့သည်။ထိုအခါမှစ၍ အသုရာပြည်နှင့်
တာဝတိံသာပြည်တို့မှာစစ်ဖြစ်ကြရတော့သည်။ဆိုလို
ချင်သည်မှာ အလှပမက်၍ကုသိုလ်ကောင်းမှုတို့ကိုမေ့
လျော့နေပါကလည်း မိမိတမလွန်ဘဝသို့ရောက်သော
အခါထိုအလှပများလိုက်မပါလာနိူင်သည်ကိုဆိုလိုခြင်း
ဖြစ်၏အသိတရားရှိကြ၍ မြန်မာသမီးပျိုလေးများရှေး
ခေတ်လူကြီးသူမများ၏အဆုံးမတို့အတိုင်းလိုက်နာကျင့်
သုံးနေထိုင်ကြပါစေဟူ၍ တင်ပြလိုက်ရပါတော့သည်။
Short-Story Writer @julybrave
Image Source: google
wow...beautiful art.. & excellent story..
i really love your all post..
thanks for sharing.dear lovely friend @julybrave
Thanks!
thanks too
Congratulations! This post has been upvoted from the communal account, @minnowsupport, by julybrave from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks! @Minnowsupport
font မတူေတာ့ ဖတ္မရခဲ့ဘူးဗ်