ကုဋေကြွယ်လုပ်ငန်းရှင်ဖြစ်စေရန်ဗျူဟာချမှတ်ခြင်းsteemCreated with Sketch.

in #three9 years ago

ကုဋေကြွယ်လုပ်ငန်းရှင်ဖြစ်စေရန်ဗျူဟာချမှတ်ခြင်း

အကောင်အထည်ဖော်နေတာ ဖြစ်တယ်အောင်မြင်မှုကိုအမြန်ဆုံးအကောင်အထည်ဖော်ချင်ရင်တော့ အောက်ပါအချက်တွေလေ့လာထားသင့်ပါတယ်

(၁)ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ရှိရမယ်
(၂)ရည်မှန်းချက်ကို အသေးစိတ်ချရေးနိုင်ရမယ်
(၃)လုံလောက်သော ကြိုတင်ပြင်ဆင်မှုရှိရမယ်။
(၄) ကာယ၊ဥာဏ၊ခွန်အားဗလရှိသမျှကို အကုန်ပေါင်းစပ်ပြီး ကြီးမားသော အသက်စွမ်းအားနဲ့အာဏာကုန်လှုပ်ရှားနိုင်ရမယ်။

ကိုယ်ရဲ့လုပ်ငန်းနယ်ပယ်မှာ အတော်ဆုံးနေရာကို ရောက်နိုင်ပြီဆိုရင် စည်းစိမ်းဥစ္စာနဲ့ ဂုဏ်ပကာသနက သင့်ဆီကို ရေစီးကြောင်းလိုမျိုး ၀င်ရောက်လာလိမ့်မယ်။
ရည်မှန်းချက်ကို ချမှတ်လိုက်တာနဲ့ အောင်မြင်သွားတာ မဟုတ်ပါဘူး။ လုပ်ငန်းကို အနည်းဆုံး တစ်ပတ်စာ အသေးစိတ် အစီအစဉ်ကို ချမှတ်ပါ။ ရည်မှန်းချက်ရှိရင် အစီအစဉ်ချရေးဖို့လွယ်ကူလိမ့်မယ်။ အစီအစဉ်ရှိရင် အဖြေရလဒ်တစ်ခုခု ထွက်လာလိမ့်မယ်၊ ရည်မှန်းချက်ကို ခမ်းခမ်းနားနားထားပါ။ အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ရှိစေပါ။ အရေးအကြီးဆုံး ရည်မှန်းချက် ရှင်းလင်းပြတ်သားနေဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်ရဲ့ရည်မှန်းချက်က ဘာကြောင့် မအောင်မြင်သေးတာလဲ အမြဲတမ်း ဆန်းစစ်သုံးသပ်ဖို့ လိုအပ်ပါတယ်။

ကိုယ်ရည်မှန်းချက်ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ချင်ရင်
(၁) အာရုံစူးစိုက်မှု (၁၀၀%) အပြည့်ရှိနေရမယ်။
(၂) အကြိမ်ကြိမ် မအောင်မြင်မချင်း ကြိုးစားနိုင်ရမယ်။
ရည်မှန်းချက်ကို ကိုယ်တိုင်ထွက်လုပ်တာက ထိရောက်မှုအရှိဆုံးဖြစ်ပါတယ်။ အောင်မြင်မှုကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ လူမှန်၊ နေရာမှန်၊ အချိန်မှန်ကန်အောင် ထားတတ်ဖို့ အထူးနားလည်နိုင်စွမ်းရှိရမယ်။ တစ်ခုတည်းသောအာရုံ၏ နိယာမစွမ်းအားကို အသုံးပြုခြင်းဖြင့် အောင်မြင်အောင် လုပ်ဆောင်ပါ။ အောင်မြင်ရေး လမ်းကြောင်းမှာ မှန်ကန်အောင် စိတ်ထားက မျှမျှတတရှိတဲ့ ဘ၀ကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့များစွာ အထောက်အကူပြုလိမ့်မယ်။
ငါးမျှားရင် ငါးအကြီးကြီးကို မျှားပါ။
ငွေရှင်ရင် လုပ်ငန်းရှင်ကြီးတွေရဲ့ ငွေကို ရှာတတ်အောင် သင်ယူပါ။ အစီအစဉ်ကို ချရေးတာက အောင်မြင်မှုကို ပိုထိရောက်စေပါတယ်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရင် ရေတိုစီမံကိန်း (၆ လ မှ ၁ နှစ်) ဒါမှမဟုတ် (၁ နှစ် မှ ၃ နှစ်) ရေရှည်စီမံကိန်း (၃ နှစ် မှ ၅ နှစ်) အနည်းဆုံး ရှိဖို့လိုအပ်ပါတယ်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်ရင် မိမိကိုယ်ကို အရင်ဆန်းစစ်ပါ။
ကိုယ့်ရဲ့ သတ်မှတ်ချက်ကို မြင့်မြင့်ထားပါ။
ပေါ့ပြက်ပြက် မပြုအမူ လုံးဝ လက်မခံပါနှင့်။
လုပ်ငန်းအဖြေရလဒ်နဲ့ စကားပြောနိုင်အောင် ကြိုးစားပါ။
စီးပွားရေးလာကမှာ အဖြေရလဒ်ထွက်သူများသာ စကားပြောခွင့်ရှိကြတယ်။ ကုဋေကြွယ်လုပ်ငန်းရှင်ဖြစ်စေရန်ဗျူဟာချမှတ်ခြင်း စာအုပ် မှ အယ်ဒီတာ အဖွဲ့မှ ပြန်လည်တင်ပြအပ်ပါသည်။

Credit to entrepreneursmerich-people.jpg

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.051
BTC 68960.53
ETH 2027.57
USDT 1.00
SBD 0.49