ဆယ်တန်းResult

in #today6 years ago

ဆယ်​တန်း​အောင်​စာရင်းထွက်​မယ်​ဆို​တော့

ညကတည်းက ရင်​​တွေခုန်​ပြီး အိပ်​မရ...

စိတ်​ကလည်း ဂနာမငြိမ်​...

သူတစ်​​ယောက်​တည်း ဖြစ်​​နေတာမဟုတ်​...

ဖခင်​လည်း ထိုနည်းတူစွာပင်​....

လုံးဝ ​အောင်​မည်​လို့ ​တွေးထင်​ထားသည့်​ကြားက

စိတ်​​တွေက ပျံ့လွင့်​​နေသလို ဖြစ်​ရသည်​။

ဖခင်​က လူကြီးမို့ တည်​ငြိမ်​စွာ စိတ်​လှုပ်​ရှားခြင်း
ဖြစ်​​လေမည်​ ၊

အိပ်​ယာဝင်​မည်​ဆို​တော့လည်း အိပ်​လို့ရမည်
မဟုတ်​၊

သူငယ်​ချင်း​တွေဆီ ဖုန်းဆက်​သည်

သူတို့လည်း အိပ်​မရ ဟု ဆိုကြသည်​ ။

ဖခင်​က အိပ်​​တော့ ဆိုလို့သာ အိပ်​ယာဝင်​ရသည်

၁၂ နာရီ ​ကျော်​ပြီ ၊ အိပ်​မရ ၊

ရေထ ​သောက်​သည်​ ၊ ထိုင်​​နေကြည့်​သည်​ ၊ မရ

ဒီလိုနဲ့ မနက်​ပိုင်းသို့ ​ရောက်​လာသည်​၊

အောင်​မည်​ဟု တွက်​ထားပြီးသားမို့
နည်းနည်း​တော်​​တော့သည်​ ။

လမ်း​ပေါ်က လူသံ​တွေ ကြားရသည်

အောင်​စာရင်းကြည့်​ရန်​ ထွက်​လာကြပြီ

မနက်​စာ မုန့်​စားပြီး ဖခင်​နဲ့အတူ ထွက်​ခဲ့သည်

ကျောင်း​ပေါက်​ဝရောက်​​တော့ ​ကျောင်းသား​တွေ
စု​နေကြသည်​ ။

အောင်​စာရင်းလည်း ကပ်​ပြီး​ရော

လူအုပ်​ကြီးက ​နေရာ​ရွေ့သွား​လေသည်

သူပါ လူအုပ်​ကြား ကပ်​ပါသွားသည်​ ။

ဖခင်​က ခပ်​လှမ်းလှမ်းမှ ရပ်​ကြည့်​​နေသည်​။

ကိုယ့်​ခုံနံပါတ်​နဲ့အမည်​ကို ရှာကြည့်​သည်​။

မ​တွေ့....

စိတ်​ထဲက မယုံချင်​၍ ​နောက်​တစ်​​ခေါက်​ရှာသည်

မ​တွေ့​သေး....
မျက်​ရည်​ပါ ဝဲသွားမိသည်​ ၊

တစ်​​ယောက်​ချင်းလက်​​ထောက်​ပြီး ဖတ်​ကြည့်​၏

ကိုယ့်​အမည်​ မ​တွေ့....
ဘာလဲ...ဘာ​တွေလဲ...
ဘာလို့ ငါ့နာမည်​မပါတာလဲ...

မျက်​ရည်​​တွေ အလိုလို စီးလာသည်​၊
လူကြားထဲမို့ အားတင်းထားလည်း မရ၊
အော်​ဟစ်​ပြီး ငိုချလိုက်​ချင်​စိတ်​က ထိန်းမရ၊

လူကြားထဲက အထွက်​...မှာ
သူငယ်​ချင်းတစ်​​ယောက်​က လှမ်း​မေး​သော်​လည်း
ပြန်​​ဖြေဖို့ အင်​အားမရှိ​တော့...

ပြုံးလျက်​ လှမ်းကြည့်​​နေ​သော ဖခင်​ကြီးကို
လှမ်းကြည့်​မိမှ ပိုဝမ်းနည်းရသည်

လုံးဝ​မျှောင့်​လင့်​​သော အ​ဖေကြီး​လေ ....
ခေါင်းငုံ့ကာ ဖခင်​ဆီ ​လျှောက်​​နေမိသည်​ ၊

သမီးအရိပ်​အ​ခြေကို ကြည့်​​နေ​သော အ​ဖေ
အ​ဖြေကို သိ​နေနှင့်​ပြီး​လောက်​​လေပြီ။

"အ​ဖေကြီး....”

ပြေးဖက်​ကာ အားရပါးရ ငိုမိ​တော့သည်​။

" ​ဖေကြီး...သမီး...သမီး​လေ...”

အသံက လည်​​ချောင်းထဲမှာ ဆို့​နေသည်​၊

ဖခင်​ကြီးက ပြုံးမြဲ ပြုံးလျက်
" ​ဖေကြီး...နားလည်​ပါတယ်​ သမီးရယ်​...
သမီး ဘယ်​​လောက်​ကြိုးစားတယ်​ဆိုတာလည်း
ဖေကြီး...သိတာပဲ...
စာ​မေးပွဲဆိုတာ ​အောင်​တာနဲ့ ကျတာ
နှစ်​ခုပဲ ရှိတာပါ ၊ ​အောင်​ရင်​ ​အောင်
မ​အောင်​ရင်​ ကျတာ သဘာဝပဲ သမီးရဲ့
ဘာမှ ဝမ်းနည်း​နေစရာ မလိုဘူး သမီး...
နောက်​နှစ်​လည်း ​ဖြေလို့ ရနိုင်​​သေးတာပဲ၊
နောက်​နှစ်​မှာ ဒီထက်​ အမှတ်​​ကောင်း​ကောင်းနဲ့
အောင်​မြင်​​အောင်​ ကြိုးစားဖို့ အခွင့်​အ​ရေး
ရလိုက်​တယ်​လို့ပဲ ​ဖေကြီး ထင်​တယ်​ ၊
သမီးလည်း ... အဲလိုပဲ သ​ဘောလိုက်​ပါ သမီး...”

" ဒါ​ပေမယ့်​...​ဖေကြီးရယ်​ ....ဟင့်​ဟင့်​…”

" ငိုပါ...သမီး ၊ အားရ​အောင်​ ငိုချလိုက်​​နော်​၊
ငိုပြီးရင်​ အားပြန်​​မွေးရမယ်​...
လာမယ့်​နှစ်​မှာ ငါ့သမီး​လေးက ဂုဏ်​ထူး​တွေနဲ့
အောင်​ရမှာ​ပေါ့ သမီးရယ်​...
လာပါ...ပြန်​ကြရ​အောင်​​နော်​....။ ”

ဖေကြီးရဲ့ အား​ပေးစကား​တွေက သမီးရဲ့
ရင်​ထဲကို ​ရောက်​သွားသည်​ ထင်​သည်​ ။
ပြုံး​ယောင်​သန်းလာတာ ​တွေ့ရသည်​ ။

"​ရှေ့တိုးမယ့်​ ကျား, ​နောက်​တစ်​လှမ်း ဆုတ်​”
ဆိုတဲ့ စကားလိုပဲ​ပေါ့...
သမီးက ​သေချာတဲ့ အရာတစ်​ခုကို ဆုပ်​ကိုင်​ဖို့
နောက်​တစ်​လှမ်းဆုတ်​လိုက်​တာလို့ ​ဖေကြီး
သိပါတယ်​ကွယ်​၊
လောကမှာ ကြိုးစား​နေတဲ့သူ​တွေဟာ
တစ်​​နေ့ ​အောင်​မြင်​ကြရတာပါပဲ သမီးရယ်​၊
သမီးသာ ကြိုးစား​နေဖို့ လိုတာပါ ၊
လဲကျလို့ ပြန်​မထဘူးဆိုရင်​ အဲဒီလူဟာ လူညံ့ပဲ၊
အခု သမီးက လဲမကျ​သေးဘူး ၊အခိုက်​အတန့်
လေး ရပ်​သွားတာ၊ ဒီ​တော့ ဆက်​သွားဖို့ပဲ
လိုတယ်​ သမီး ... သမီးက ​တော်​ပါတယ်​ကွယ်​ ၊
ဖေကြီး...ယုံတယ်​...၊
ကျရှုံးသွားလို့ ​ကြောက်​လန့်​တကြားနဲ့
လုံးဝ ​နောက်​ဆုတ်​သွားတာမျိုးကို
ဖေကြီး မလိုလားဘူး သမီး​လေး...”

" ဟုတ်​....​ဖေကြီး...သမီး ကြိုးစားပါ့မယ်​ ”

"ဒါမှ ​ဖေကြီး...သမီးကွ...”

ဖခင်​ကြီးရဲ့ ပြုံး​နေတဲ့နှုတ်​ခမ်း​ပေါ် ​ရေစက်​​လေး
လွင့်​ခနဲ ကျသွားတာကို ဖခင်​ကြီးသာ သိသည်​ ။

ချွေးလား...မိုး​ရေစက်​လား...

ဒါမှ မဟုတ်​......

ခြေ​ချော်​လက်​​ချော်​ဖြင့်​ ​တက္ကသိုလ်​ဝင်​တန်း
စာမေးပွဲကြီးမှာ ကျရှုံးရ​သော ညီငယ်​ ညီမငယ်
များအတွက်​ပါ.....

ထင်​မှတ်​ယုံကြည့်​​ပေမယ့်​ ဖြစ်​မလာ​သောအခါ
စိတ်​ပျက်​အားငယ်​တတ်​သည်​မှာ သဘာဝပါ
ကြိုးစား​နေဖို့က အဓိကဖြစ်​ပါတယ်

လေးစားလျက်
image

Sort:  

Get a $13.00 Upvote and Your Post Resteemed to My 2 Accounts @a-0-0 and @a-a-a with 72,500+ Followers. Send 3 SBD with Your post URL in MEMO to @a-0-0

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 57074.30
ETH 3013.89
USDT 1.00
SBD 2.19