Introduction myself

in #tunnaingwin6 years ago (edited)

ချစ်ခင်လေးစားရပါသော esteem မှမိဘပြည်သူ
ညီအကိုမောင်နှမများအားလုံးမင်္ဂလာပါဗျာ။ပထမဆုံးအနေနဲ့ ကျွန်တော် အမည်နဲ့ မိတ်ဆက်ခွင့်ပြုပါခင်ဗျ။

ကျွန်တော် နာမည် ကတော့ ကျော်ထက်ဝင်းဖြစ်ပါတယ်။ ၁၆. ၁. ၁၉၉၅ ခုနှစ်မှာ ပူခူးတိုင်းမင်းလှမြို့လို့ခေါ်တဲ့နယ်မြို့လေးတစ်မြို့မှာမွေးဖွားခဲ့ပါတယ်။ကျွန်တော်တို့မြို့လေးကသာယာလှပီးနေချင်စရာကောင်းတဲ့မြို့လေးပါ။ရှေးဟောင်းဘုရားစေတီများ ရေတံခွန်များ တောတောင်သဘာဝအလှများနဲ့ အေးချမ်းတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ကျွန်တော်မိဘများကတော့ ဦးထွန်းနိုင်နဲ့ဒေါ်ခင်မြင့်ကြည်ဖြစ်ပါတယ်။ညီအကို မောင်နှမသုံးယောက်ရှိပါတယ်။ကျွန်တော်ကတော့ အကြီးဆုံးသားတစ်ယောက်ပါ။အကြီးဆုံးသားတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်မိသားစုအတွက်ကျွန်တော်မှာ တာဝန်အပြည့်ရှိပါတယ်။ကျွန်တော်ရဲ့အလုပ်အကိုင်က အငယ်တန်း engineer တစ်ယောက်ဖြစ်ပါတယ်။မိသားစုအတွက် ၀င်ငွေရှာရင်း ဘ၀ကို အကောင်းဆုံး ဖန်တီး ပုံဖော်နေသူတစ်ယောက်ဖြစ်ပါတယ်။ပျော်ရွှင်စရာမိသားစုလေးကို ဖန်တီးပီးမိသားစုနဲ့ တစ်သက် လုံးနေသွားချင်ပါတယ်။ယခုချိန်မှာတော့ မိသားစုနဲ့ ဝေးတဲ့နေရာမှ အလုပ် လုပ်ကိုင်နေရတာပေါ့။မိသားစုကိုလည်းအရမ်းသတိရပါတယ်။သတိရတိုင်းလည်း ၀မ်းနည်းမျက်ရည်ကျမိပါတယ်။တစ်နေ့တော့ြ imageပည့်စုံတဲ့မိသားသားစုဘ၀လေးကို ရအောင်ကြိုစားမယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။အောင်မြင်အောင်လည်းဆက်လက်ကြိုးစားနေမှာပါ။esteem မှမိဘပြည်သူ ညီအကို မောင်နှမများအားလုံးကို လေးစားလျက်။ရွှင်လန်းချမ်းမြေ့ကျပါစေ။

Sort:  

စတီးမစ်ကနေ ကြိုဆိုပါတယ် ညီရေ။ မိဘဆွေမျိုးများနဲ့ ဝေးရာမှာ အလုပ်လုပ်ရင်း ဘ၀ကို ကြိုးစားရုန်းကန်နေသူညီ့အတွက် တစ်ချိန်မှာ အောင်မြင်မှုများ ရရှိပါစေလို့ လက်ဆောင်စကားပါးလိုက်ပါတယ်။

ပေးတဲံဆုနဲ့ပြည့်ပါစေအကိုရေ

တစ်ကိုယ်တော် စတာဖြစ်ရင် ၊နောက် အဖွဲ့တစ်ခုခုနဲ့ ပ၇ိုမုတ်ပိုစ်တွေမှာပါချင်တယ်ဆိုရင်https://steemit.com/msu/@dpakyaw/msu-promotion-for-group-1-7-9-2018 အောက်မှာ ၀င် Join နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

Congratulations @kyawhtetwin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60250.23
ETH 2335.37
USDT 1.00
SBD 2.52