ကျွန်တော်နဲ့ စတီးမစ်
့အားလုံးမင်္ဂလာပါခင်ဗျာ
BTC ဈေးတွေလဲ တရိပ်ရိပ်တက်လာနေပါသည်၊ သို့ပါသော်လည်း steem ဈေးကထင်သလောက်တက်မလာဘဲ အခြေခံဈေးလောက်ပင်ရှိနေပေသည်၊ အရင်တနှစ်ကျော်လောက်ကမှတ်မိသေးသည် BTC 1$ဒေါ်လာကို us5000$ဒေါ်လာကျော်ကျော်လောက်က steem ဈေးက အနည်းဆုံး steem 1$ဒေါ်လာကို us1$ ဒေါ်လာလောက်ဖြစ်နေပါသည်၊ ဒါပေသည့်တဖြည်းဖြည်းဈေးတက်လာလိမ့်မည်ဟုမျှော်လင့်မိပါသည်၊
https://images.app.goo.gl/8gTkq3S74jo47tci8
အရင်နှစ်က steem 1$ ဒေါ်လာကို us8ဒေါ်လာ လောက်ဈေးမှီတဲ့သူများက ယခု steem ပေါက်ဈေးကို စာရေးရမှာမတန်ဘူးဟုထင်ကြပါလိမ့်မည်၊ မှတ်မိသေးပါသည် steem ဈေး us1$ကျော်ကျော်လောက်ကတည်းက အလုပ်မအားတာ ကိုအကြောင်းပြ msc ကိုကျောခိုင်းပြီး ပါဝါတွေဒေါင်းသွားကြတာတွေရှိကြပါသည်၊ တချို့ကလည်း msc ကထွက်ရန်msc ရဲ့စည်းမျဉ်းတွေဖောက်ပြီး ကော်ပီတွေကူးတင်ပြီးထွက်သွားကြပါသည်၊ steem ဈေးကောင်းတဲ့အချိန်မှာကြုံကြိုက်ခဲ့တော့ steem ဈေးကျတဲ့ဒါဏ်ကိုမခံနိုင်တဲ့သဘောဖြစ်နေပေသည်၊ အကယ်၍များအခုအချိန်ဒီစတီးဈေးနဲ့ steemit ကိုစလုပ်တဲ့သူများအနေနဲ့ကတော့ ယ္ခုလို 0.25 ကျော်လောက်ကနေ 0.50ကျော်လောက်ဖြစ်လာသည်ကို အတော်လေးအားတက်နေမှာအမှန်ပင်ဖြစ်နေပေလိမ့်မည်၊
https://images.app.goo.gl/5yVBwrVHtQWV7jA96
ထိုကြောင့် ကျွန်တော်စဉ်းစားမိသည်၊ယ္ခုအချိန် စာရေးဝါသနာပါပြီးစလုပ်တဲ့သူလေးများကိုစည်းရုံးသင်တန်းပေးရလျှင်မဆိုးလောက်ဘူးလို့ထင်မိပါသည်၊ steem ဈေးက အကျလမ်းမရှိဘဲအတက်လမ်းသာရှိသောကြောင့် လူသစ်များအနေနဲ့ စိတ်ဓာတ်ရေးရာမှာ အကျမရှိအတက်သာရှိလိမ့်မည်ထင်ပါသည်၊ ထိုကြောင့်ကျွန်တော်စဉ်းစားထားပါသည် steem 1$ ကို us 1$ဒေါ်လာဖြစ်လာခဲ့လျှင် ကျွန်တော့သူငယ်ချင်းစာပေဝါသနာရှင်လေးများကို စည်းရုံးပြီး အခမဲ့ steemit သင်တန်းလေး ပေးမည်ဟုမျှော်လင့်ထားပါသည်၊ ကျွန်တော့၏ ရည်ရွယ်ချက်ကိုက steemit ကိုလုပ်ရခြင်းသည် အများအကျိုး ပရဟိတ လုပ်ဖို့ရည်ရွယ်၍လုပ်ခြင်းဖြစ်ပါသည်
၊ ထိုကြောင့် အွန်လိုင်းပေါ်မှမည်သည့်ဆိုဒ်မှရသည့်ငွေကြေးဖြစ်ပါစေရောင်းမစားဘဲအားလုံးsteemit ထဲမှာစုထားခြင်းဖြစ်ပါသည်၊ထိုကြောင့်ကျွန်တော် မကြာခင်မှာ စာရေးဝါသနာပါပြီး အွန်လိုင်းပေါ်မှာငွေကြေးလုံးဝမရှာဘူးသေးသော သူငယ်ချင်းများကို steemit အကြောင်းကိုကျွန်တော်သိသလောက် တပ်သလောက်အခမဲ့သင်တန်းပေးတောမည်ဆိုတဲ့အကြောင်းရေးသားလိုက်ရပါသည်၊ စာလာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါသည်၊
Post writer=@yuzana(shineshine)
MSC=146
ကောင်းမွန်သော အစီအစဉ်လေး ဖြစ်မြောက် အောင်မြင်ပါစေအစ်ကို။
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
ကောင်းတယ် လုပ်ဗျ။ လုပ်ဖြစ်ရင်လဲ ပြောဦးဗျ။ ကျွန်တော်တို့ community support ရအောင် လုပ်ပေးပါ့မယ်။