ဟာသ မလုပ်ပါနဲsteemCreated with Sketch.

in #unfunny8 years ago

ရုပ်ဆိုးနေသူတစ်ယောက်ကို မင်းအရမ်းရုပ်ဆိုးတာပဲဆိုပီး

အများရှေ့မှာ ဟာသ မလုပ်လိုက်ပါနဲ့။



စကားထစ်နေသူတစ်ယောက်ကို လူတောမတိုးရဲဘဲ

ယုံကြည်မှူပျက်အောင် ပြက်ရယ်မပြုလိုက်ပါနဲ့။



ကိုယ်ခဏတာပျော်ရဖို့အတွက် အားနည်းချက်ရှိသူရဲ့

ဂုဏ်သိက္ခာကို ဟာသ မလုပ်လိုက်ပါနဲ့။



ကိုယ်နဲ့ပတ်သက်ခဲ့တဲ့ လူတစ်ယောက်ရဲ့ အားနည်းချက်တွေကို

အခြားသူတွေဆီမှာ ဖောက်သည်မချလိုက်ပါနဲ့။



လူသားတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိနေပီး

အခြားသူအားနည်းချက်ကို ဟာသလုပ်မိရင် ကိုယ့်အားနည်းချက်ကိုလည်း ဟာသ လုပ်ခံရပါလိမ့်မယ်။



လူတစ်ယောက်ရဲ့ စောင့်ထိမ်းသင့်တဲ့ ကျင့်ဝတ်ထဲမှာ

အခြားသူရဲ့ ဂုဏ်သိက္ခာကို ထိမ်းသိမ်းပေးခြင်းက ထိပ်ဆုံးကပါပီး

ကိုယ်ပြောတဲ့စကားကို တာဝန်ယူတတ်ဖို့က အရေးအကြီးဆုံးပါ။



အားနည်းချက်ရှိသူအချင်းချင်း ဟာသ မလုပ်ဘဲ

အားတက်လာအောင် ၊ သူ့ကိုယ်သူယုံကြည်မှူမြင့်မားအောင်

အားဖြည့်ပေးခဲ့ရင် ကိုယ်အားပြတ်နေချိန်မှာ အားဆေးကျွေးမည့်သူ

အလိုလိုပေါ်ပေါက်လာပါလိမ့်မယ်။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.064
BTC 66594.50
ETH 2055.98
USDT 1.00
SBD 0.48