ပြုံးနေဆဲပါ အမိတက္ကသိုလ်steemCreated with Sketch.

in #university9 years ago

P70727-130154.jpg

ရှေ့ဆက်ရမယ့်လမ်းဟာ ကြမ်းတမ်းပေမယ့် ဖြစ်လာတဲ့ လောကဓံကို ကြံကြံခံနိုင်ဖို့ အမြဲ သွန်သင်ပေးတတ်တယ်။
တစ်ခုခုဆို ကံကြမ္မာကို အပြစ်ပုံ၍ မလွဲချဖို့ အမြဲတမ်း ပြောနေခဲ့တယ်။
သားသမီးတွေ လာရင် အမြဲနွေးထွေးစွာ စောင့်ကြိုနေတဲ့ သူ့ရဲ့အပြုံးကို ဘယ်သူ မျက်ကွယ်ပြုရက်မလဲနော်။
စိန်ပန်းပင်ပွင့်လေးတွေ၊အခိုင်လိုက်လှပနေတဲ့ငုဝါပန်းလေးတွေက ရာသီအလိုက် သူ့ကို ပိုတင့်တယ်စေတယ်။
သူ့ရဲ့ အလှ၊သူ့ရဲ့ ဂုဏ်သိက္ခာတွေက စာဖွဲ့လို့မမီအောင် နှိုင်းဆလို့မရပါဘူး။
ရေကန်ဟာ ကြာရှိမှ တင့်တယ်ပေမယ့် သူ့ကတော့ ထာဝရ သစ်လွင်နေတယ်။
သူမရှိလို့ မဖြစ်ဘူးလေ။ သူက လူသားအားလုံးရဲ့ ထာဝရ ဘုရားသခင်ပါ။
လူသားအားလုံးရဲ့ ချစ်ခြင်း မေတ္တာ ၊ငြိမ်းချမ်းခြင်းတွေ ပေါက်ဖွားရာနေရာမို့ပါ။
သူ့ပဲ ကမ္ဘာကြီးကို အသစ်တဖန် မွေးဖွားပေးလိုက်တာလေ။
ဒါကြောင့် သူ့ဟာ ဘယ်အရာမှ နှိုင်းယှဉ်လို့မရအောင် မြင့်မြတ်တယ်။
စိတ်ဓာတ်ကျနေတဲ့လူတွေကိုလည်း တွဲခေါ်ပေးတတ်သေးတယ်။
ဘယ်သူဘယ်ဝါဆိုတာ အဆင့်အတန်းခွဲခြားတဲ့စိတ်သူ့ဆီမှာ မရှိဘူး။
သူက လူတိုင်းကို တန်းတူ အခွင့်အရေးပေးတယ်။ ကျွန်တော်မှာ မရှိတဲ့အရာအားလုံး လို သူပြန်ပေးနိုင်တယ်။

Sort:  

like, vote.fighting

အဲဒါ ဘယ်ကျောင်းလဲခင်ဗျ ပုံက

မိုက်မိုက်သားဟ

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.053
BTC 71137.81
ETH 2105.20
USDT 1.00
SBD 0.49