The view from my window photo သို့မဟုတ် အနီးဆုံးသောအလှ

in #viewfrommywindow6 years ago

The View From My Window Photography Challenge အတွက် မိမိ ဓါတ်ပုံများဖြစ်ပါတယ်

IMG_20200409_163411.jpg

ဓါတ်ပုံလေးတွေ မတင်ရတာလည်း အတော်လေးကိုကြာခဲ့ပါပြီ အခုတော့ တင်စရာအကြောင်းလည်း ဖန်လာခဲ့ပြီဖြစ်လို့ ဓါတ်ပုံဘက်ကို ခြေဦးလှည့်ခွင့်ရလာခဲ့ပါပြီ
ယခုတင်လိုက်တဲ့ ပုံလေးတွေကတော့ Smart Phome နဲ့ရိုက်တဲ့ ပုံတွေပါဘဲ အိမ်မှာနေရင်း ဘယ်မှလည်းမသွားဖြစ်တော့ နီးရာရှုခင်းလေးတွေဘဲ ရိုက်တင်ရတော့တာပါဘဲ

IMG_20200409_163427.jpg

ဒီပုံတွေကတော့ နွေရာသီကာလရဲ့ တောင်ပေါ်ဒေသ အခြေအနေလေးတွေဖြစ်ပါတယ်
စတီးမစ်ရဲ့ ပြောင်းလဲမှုတွေကို တဖြည်းဖြည်း မြင်တွေ့လာရပါပြီ ဒီပြောင်းလဲခြင်းတွေဟာ အင်မတန်ရိုးရှင်းပါတယ် နောက်ကွယ်က အကြံအစည်တွေဘာတွေတော့ ရှည်ရှည်ဝေးဝေး ထည့်ပြီး တွေးနေဖို့ မလိုအပ်ဘူးထင်ပါတယ် အဓိကနဲ့သာမည မခွဲခြားနိုင်ရင်တော့ လိုရင်းရောက်နိုင်ဖို့ ခက်ခဲစေမှာ အမှန်ဘဲဖြစ်ပါတယ် အရင်က တင်းကျပ်ခြင်းဟုမဆိုသာသော စည်းမျဥ်းစည်းကမ်းများကိုလည်း အပြစ်တော့မဆိုချင်တော့သလို ယခု စည်းမျဥ်းစည်းကမ်းများကိုလည်း သဘောကျလွန်းသည်ဟုတော့ အပြည့်အ၀ မထောက်ခံလိုသေးပေ

IMG_20200409_163437.jpg

သို့သော် ယခုလက်ရှိပြောင်းလဲလာခြင်း အခြေအနေတွေကတော့ ကိုယ်တွေအတွက် နစ်နာမှု တစ်စုံတစ်ရာ မရှိတာသေချာပါတယ် ဟိုယခင်အချိန်တွေထက်တော့ များစွာ သာလွန်လို့နေတယ်ဆိုတာကိုလည်း လလော့တွေ့ရှိရပါတယ်
ယခုအပြောင်းအလဲမှု ထိခိုက်နစ်နာသူတွေရဲ့ အတန်းအစားအေခြေအနေကိုလည်း သုံးသပ်တွေ့ရှိရပါတယ်
အပြောင်းအလဲတစ်ခုက အလွှာတစ်ခုကို ထိခိုက်ပေမယ့် အခြား အလွှာတွေကိုလည်း ကောင်းကျိုးပြုနိုင်စွမ်းပါတယ်
ဒါကြောင့်လည်း အကောင်းအဆိုးဟူတည် ဒွန်တွဲလျှက်ရှိသည်လို့ ဆိုကြသည်မဟုတ်ပါလား
စိတ်တိုင်းကျတော့ ဖြစ်လာစရာမရှိသော်လည်း ဖြစ်လာသည့် အရာတိုင်းကို ကိုယ့်သဘောနဲ့ ကိုက်ညီအောင်တော့ ညှီယူတက်ဖို့ ပြင်ဆင်ရပါတော့မယ်

IMG_20200409_163400.jpg

အခွင့်အရေးတို့သည် လက်တစ်ကမ်းတွင်သာရှိလို့နေသည်ဟူသော အဆိုကို သဘောကျ နှစ်သက်မိပါသည်
စတီးမစ်နဲ့အတူ အစဉ်ရှိနေချင်ပါသည်
@bobokyaw

Sort:  

Thank you for taking part in the View From My Window Photography Challenge.

Keep following @steemitblog for new challenges every week.

The Steemit Team

Thanks you.