ကြိုးမဲ့လျှပ်စစ်ဖြန့်ဝေနည်းကို ဘာကြောင့်ပြန်ဖျက်ဆီးခဲ့လဲ

in #way8 years ago

၁၉ ရာစုမှာ လျှပ်စစ်ကို ကြိုးမဲ့စနစ်နဲ့ ဖြန့်ဝေနိုင်တဲ့ နည်းတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်
လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ နီကိုလာတက်စ်လာ (Nikola Tesla) ဟာ ၁၈၉၃ ခုနှစ်မှာ တာဝါတိုင်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီတာဝါတိုင်ဟာ လျှပ်စစ်ကို ကြိုးမဲ့စနစ်နဲ့ ဖြန့်ဖြူးပေးနိုင်ပါ။ ပင်ရပ်ခြားဒေသများသို့တောင်အောင် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တဲ့ နည်းပညာ တစ်ခုလည်းဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်လိုအပ်သူတိုင်းဟာ ဓာတ်ကြိုးသွယ်တန်းထားတဲ့ သံချောင်းကို မြေကြီးထဲ ထိုးစိုက်လိုက်ရုံနဲ့ တစ်ဖက်ပင်လယ်ရပ်ခြားဒေသမှ ပို့လွှတ်တဲ့ လျှပ်စစ်ဓာတ်ကို ရယူနိုင်မယ့် နည်းပညာလည်း ဖြစ်ပါတယ်။

နီကိုလာဟာ သူကိုယ်တိုင် ပင်လယ်တစ်ဖက်ခြားမှာရှိတဲ့ နိုင်ငံတစ်ခုဆီကို လျှပ်စစ်ဓာတ်များ ပို့လွှတ်ပြသခဲ့ပါတယ်။ ဒါပေမယ့် သြစတြီးရီးယားလူမျိုး အမေရိကန်နိုင်ငံသား နီကိုလာတက်စ်လာဟာ သူ့ရဲ့ တီထွင်မှုကို ဆက်လက်ပြန့်ပွားအောင် မလုပ်ဘဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒီလိုဖျက်ဆီးရတဲ့ အကြောင်းအရင်းကတော့ လူသားမျိုးနွယ်ထုတစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်တဲ့ အကြောင်းအချက်တွေ ရှိနေလို့ပါ။ ဒီကြိုးမဲ့လျှပ်စစ်ဖြန်ဝေစနစ်ကို အသုံးပြုခြင်းအားဖြင့် ကမ္ဘာ့ကြီးရဲ့ လည်ပတ်ပုံတွေ ပြောင်းလဲစေနိုင်ပြီး အခြားဂြိုဟ်များနှင့် တိုက်မိခြင်းများ၊ ရာသီဥတုများ ကစဥ့်ကလျားဖြစ်ခြင်းတို့ ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် ရပ်နားလိုက်ခြင်းလည်း ဖြစ်ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 66928.42
ETH 2058.33
USDT 1.00
SBD 0.51