နင်ရယ်ငါရယ်......သူတို့တွေရယ်
နင်ရယ်ငါရယ်......သူတို့တွေရယ်
အပိုင်း(၁)
ဆောင်းဦး၏ ညချမ်းသည်တိတ်ဆိတ်ခြင်းနှင့်အတူ အေးမြနေသည်။
ပြတင်းပေါက်မှ ဝင်လာသော လေတဖြူးဖြူးကြောင့် ' မိုးနေ့ ' နှစ်ခြိုက်
စွာအိပ်ပျော်နေလေပြီ။ ထိုစဉ်.....
" မိုးနေ့ "
" ဟျောင့် "
"မင်းဘာလုပ်နေတာလဲကွ"
"ငါတို့မင်းကိုစောင့်နေတာ ကြာနေပြီး"
မိုးနေ့ ၏ အိမ်ခြံအပြင်မှ ထွန်းဦး ၊ ဖိုးကျော် ၊ မျိုးအောင် နှင့် ဝေလင်း တို့
၏ တစ်ယောက်တစ်ပေါက် ခေါ်နေသောအသံဖြစ်သည်။
"ဟေ့ဘယ်သူတွေလဲကွယ့်"
" ကြီးကြီးမြ ကျွန်တော်တို့ပါဗျ "
"မိုးနေ့ရှိလားကြီးကြီးမြ"
ကြီးကြီးမြဆိုသူ မှာ မိုးနေ့ ၏ အမေ ပင်ဖြစ်သည်။ မိုးနေ့တွင်အဖေမရှိ
တော့ပါ။မိုးနေ့ အလယ်တန်းကျောင်းသား ဘဝတုန်းကပင် ကွယ်လွန်
သွားခဲ့သည်။
ထို့ကြောင့် မိုးနေ့ ကိုသူ၏မိခင် ကြီးကြီးမြ နှင့် သူ၏အစ်မနှစ်ယောက်က
အလိုလိုက်ကြသည်။အငယ်ဆုံးမို့ မျက်နှာအညိုးမခံ။မိုးနေ့ ဆယ်တန်း
အောင်ပြီးသော် လည်း မို့နေ့ တတ်ချင်သောရန်ကုန်စီးပွားတက္ကသိုလ်
သို့သွားရောက်တတ်စေခဲ့သည်။ ရန်ကုန်မြို့တွင် မို့နေ့၏အဖေဘက်မှ
အဒေါ်များရှိနေသည်မို့ စိတ်ချခြင်းဖြစ်သည်။ယခုဆိုလျှင်ကျောင်းပြီးပြီ။
ထို့ကြောင့်မိုးနေ့မှာ လိုတိုင်းရ ဖြစ်ချင်တိုင်းဖြစ်ခွင့်ရနေသောကြောင့်
ဆိုးချင်တိုင်းဆိုး ဂျစ်ကန်ကန် ပုံစံဖြစ်နေသည်မှာမဆန်းပေ။
"မိုးနေ့ ရှိတယ်မဟုတ်လား "
"မင်းတို့သူငယ်ချင်းကရှိပါတယ် ညနေရေမိုးချိုးထမင်းစားပြီး
ကတည်း ကအိပ်နေတာ အခုထိပဲ လေ ခရီးကပြန်ရောက်ခိုက်ဆို
တော့ ပင်ပန်းသွားတယ်ထင်ပါရဲ့အေ"
မိးု့နေ့အမေစကားကြောင့်ထွန်းဦးမှ......
" ဟာ ဒီကောင် ကျွန်တော်တို့ကို ချိန်းထားတာ ဗျ "
" ဟေ ဟုတ်လား ဒါဆို ကြီးကြီးမြ သွားနိုးပေးမယ် "
မိုးနေ့ ခြံဝမှ ထွန်းဦးတို့ အဖွဲ့ပြောဆိုနေသော စကားသံများကြောင့်
အိပ်ပျော်နေရမှ နိုးလာခဲ့သည်။ နာရီကိုကြည့်တော့ ည ၁၀နာရီပင်ထိုး
နေလေပြီ။ ထွန်းဦးတို့အဖွဲ့ ဒေါပွချင်စရာပင်။ ညနေက မိုးနေ့ ရန်ကုန်မှ
ပြန်ရောက်သည်ကို သိသိချင်း ထွန်းဦး မိုးနေ့ ကိုလာတိုင်ပင်ထားသည်။
အကြောင်းမှာဒီညတွင် ယမင်းအိမ်ရှေ့ ၌ ဂစ်တာတီးသီချင်း သွားဆိုကြ
မည်ဖြစ်သည်။ မို့နေ့တို့အဖွဲ့တွင် မိုးနေ့ကလွဲရ်ျ မည်သူမှ ဂစ်တာ မတီး
့
တတ်ပေ။ထို့ကြောင့် မိုးနေ့ရွာပြန်အလာကို စောင့်နေကြခြင်းပင်။
" ဟျောင့်တွေ မင်းတို့ အသံဗြဲ ကြီးတွေနဲ့ အော်မနေနဲ့ ငါနိုးပြီကွ "
ဝေလင်းမှ ....
" မင်းကတော့ အိမ်မှာ နှပ်နေတယ် ငါတို့ကမင်းအလာကို စောင့်နေရင်း
နဲ့ ခြင်ချီတော့မယ်ကွ "
" ဟုတ်ပကွာ "
ဝေလင်းစကားကြောင့် မိုးနေ့ သဘောကျစွာရယ်ရင်း....
.
" ဟား ဟား ဟား အေးပါကွာ sorry ပါ "
ထွန်းဦးမှ..
" ဟျောင့် sorry တွေ ဘာတွေ လုပ်မနေနဲ့ ခွေးမသား မြန်မြန်လာခဲ့ "
ထွန်းဦး မိုးနေ့ ကိုဆဲ လိုက်သောစကားကြောင့် ဝေလင်း ဖိုးကျော်နှင့်
မျိုးအောင်တို့တစ်ယာက်မျက်နှာတစ်ယောက်ကြည့်ရင်း ထွန်းဦးကို လက်
ကုတ်ကြသည်။ထွန်းဦးကတော့မသိရှာ ။ ဇွတ်သာအော်နေသည်။
ထိုစဉ်........
"ဟိတ် ကောင်လေးတွေ မင်းတို့ ဘာပြောလိုက်တာလဲ ဟမ်း ပြောစမ်း "
ဒေါသတကြီးနှင့်ပြောလာသော မိုးနေ့အမေစကားကြောင့် ထွန်းဦးပြူး
ကြောင်ကြောင်နှင့် သူပြောလိုက်သောစကားကို သတိမထားမိလိုက်ရှာ။
မိုးနေ့အမေကတော့ သားထိဓားကြည့် ဆိုသလိုပင် ။
" ငါ့ကိုလာပြန်မေးနေသေးတယ်နင်တို့ ငါ့သားကို ခွေးမသားလို့ဆဲတော့
ငါက ဘာဖြစ်သွားပြီလဲ ဟမ်း "
ထိုစဉ် ဖိုးကျော် ယောင်တိယောင်ချာနှင့်ပြန်ဖြေလိုက်ပုံက
" ကြီးကြီးမြ က ခွေးမကြီး ဖြစ်သွားတာပေါ့ "
" ဟာ သွား ... သွားပြီ"
" ဘာ ! ! သေနာကောင်လေးတွေ ငါ့ကိုမရိုမသေနဲ့နာဖို့သာပြင် "
မိုးနေ့အမေ ဒေါသတကြီး ပြောဆိုရင်း အိမ်ရှေ့ ပန်းအိုးထဲတွင်ထည့်ထား
သော ကျောက်စရစ်ခဲ များဖြင့် ပစ်ပေါက်လေတော့သည်။
" အာ့ ! ! အား "
" ဟ ဟ ဂဲမိုးတွေ ရွာ ပြီ ဟ"
" ပြေးနိုင် မှ လွတ်မယ်ဟေ့ "
" မိုးနေ့ရေ မင်းနောက်ကလိုက်လာခဲ့တော့ ငါတို့တော့ပြေးပြီဟေ့ "
မရှူမလှ အော်ပြေးသွားကြသော ထွန်းဦးတို့ အဖွဲ့ကိုကြည့်ပြီး မိုးနေ့
အားရပါးရ ရယ် မိတော့ သည်။
" ဟား ဟား ဟား "
မိုးနေ့ အပါအဝင် သူတို့ သူငယ်ချင်း တစ်ဖွဲ့ လုံးသည်ထိုသို့ပင်ဖြစ်သည်။
တစ်ရွာလုံးတွင်ရှိသောအပျို များ အော်ကြောလန် သောအဖွဲ့ပင်ဖြစ်သည်
ထို့ထက်မိုးနေ့ကပိုလို့ပင်ဆိုးသေးသည်။
" တိတ်တခိုးလေးနဲ့ပဲ¸¸♬·¯·♩¸¸♪ကိုယ်ကချစ်နေတယ်·¯·♫¸¸¸
ရင်မဆိုင်ရဲဘူးမင်းလေးအကြည့်နဲ့♬·¸¸♬·¯·♩ခံစားချက်တွေနဲ့သီ
ကုံးထားသမျှလည်း♪·¯·♫¸¸¸¸♬·ရင်မှာသိုဝှက်ပီးငါသိမ်းထားလိုက်
တော့မယ်¸¸♬·¯·♩¸အကြိမ်ကြိမ် အခါခါငိါကြိုးဖူးတယ်♪·¯·♫¸
အကြိမ်ကြိမ် အခါခါ ငါ ဆွံ့အမြဲ အိုး..¸¸¸♬·မင်းအမုန်းတွေမလိုချင်လို့
ငါဟာအရှူံးနဲ့လူပါ¸¸♬·¯·မပြိုက်ခင်ရှူံးနိမ့်နေပြီးသား¸♪·¯·♫¸¸¸¸♬
အမုန်းမျာကငါ့အတွက်ဆုလာဘ်လား¸¸♬·¯·ငါဟာတစ်ဖက်သက်ချစ်
နေတာ♩¸¸♪·¯·ယဉ်ယဉ်လေးနဲ့ရူးနေသူပါ♫¸¸¸¸♬ဖွင့်ပြောဖို့ခက်
နေတာ မင်းလေးနားလည်ပေးပါ¸¸♬·¯·♩အရမ်းချစ်တယ်¸¸♪·¯·
မင်းသမီးလေးရာ♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ထွန်းဦး တို့အဖွဲ့ ယမင်းအိမ်ရှေ့တွင် နိမ့်ချီမြင့် ချီ သံစဉ်တခြားစာသား
တခြား အာခေါင်သံကြီးနှင့်သီချင်းဆိုနေကြသည်။ ငယ်သံပင်ပါနေလေ
ပြီး။
ညသည်တိတ်ဆိတ်ခြင်းနှင့်အတူ ငြိမ် သက်ချင်နေသော်လည်းထွန်းဦး
တို့အဖွဲ့ ကြောင့် မငြိမ်သက် နိုင်။
အာခေါင်သံနှင့် သီချင်းဆိုေုနကြသောအသံကြောင့် စံပယ် အိပ်ပျော်
နေရာမှလန့်နိုးလာခဲ့သည။်နာရီကိုကြည့်လိုက်တော့ည ၁၁နာရီ ခွဲနေ
လေပြီ။
"ဟား စိတ်ပျက်ဖ်ို့ကောင်းလိုက်တာ အသံဆိုကြီးးတွေနဲ့ "
စံပယ်ပွစိပွစိပြောဆိုရင်း အိပ်ယာခေါင်းရင်းမှ ပြတင်းတံခါးကိုအသာဖွင့်
လိုက်သည်။ကောင်းကင်မှာလမင်းကြီးကထိန်ထိန်သာလို့။
ထို့နောက်အသံ
လာရာဘက်သို့ လှမ်းကြည့်လိုက်ရာယမင်းတို့်အိမ်ဘက်ကဖြစ်သည်။
ထွန်းဦး ယမင်းကို လာပိုးပန်းခြင်းပင်။ စံပယ် နှင့် ထွန်းဦး မှာ တစ်ဝမ်း
ကွဲမောင်နှမ တော်ပါသည်။ ထို့ကြောင့် ထွန်းဦး၏ အကြောင်းကို စံပယ်
ကောင်းကောင်းသိသည်။
" လက်စက်သက်တော့ ထွန်းဦး တို့အဖွဲ့ကိုး ယမင်းကို လာကြောင်နေ
တာဖြစ်ရမယ်"
" ဟိုမိန်းမက နဂို ထဲက အရည်ပျော်ချင်နေတာနဲ့ "
" ဟင်း...."
စံပယ်စိတ်ပျက်စွာ သက်ပြင်းချရင်း တစ်စုံတစ်ခုကိုသတိရမိသွားသည်။
" နေ ပါဦး ထွန်းမှဂစ်တာမတီးတတ်တာ အသံကတော့ထွန်းဦးနဲ့ ဟို
သုံးကောင်အသံပဲ ဒီကောင်အသံတွေကို ခွေးဆွဲသွားတောင် ငါကောင်း
ကောင်း သတိတယ် အခုက ဂစ်တာသံပါ ကြားနေရတယ်ဆိုတော့ "
စံပယ် တစ်ယောက်ထဲ ပြောရင်းဆိုရင်း ပြတင်းတံခါးတစ်ချပ်ကိုကွယ်၍
အသံလာရာဘက်ကိုစူးစိုက်ကြည့်လိုက်သည်။
" ဟင် မိုးနေ့ "
" ဒီ အစုတ်ပလုပ်ကောင် ပြန်လာတာ ငါတော့စိတ်ညစ်ရဦးမယ် "
စံပယ်ငြီးတွးာမိပြီ။
##ဘာဆက်ြဖစ်မလဲစောင့်မျှော်ပေးဦးနော်