သမင္

in #writing7 years ago

သမင်သည် စာဗီဒီးမျိုးရင်းဝင် တောတိရစ္ဆာန်ဖြစ်၍ ခြေထောက်တွင်ခွာပါရှိသော တိရစ္ဆာန် မျိုးဖြစ်သည်။ အဖိုသတ္တဝါများတွင် ဦးခေါင်း၌ အလွန်လှပသောဦးချိုပါရှိသည်။ အသီးအရွက်သာစားသော စားမြုံ့ ပြန်သတ္တဝါမျိုးဖြစ်သည်။ ယင်းသည်အင်အားကြီး မားသော ကျား၊ ခြင်္သေ့စသည့်သားရဲတိရစ္ဆာန်နှင့် ရန်သူများ၏ဘေးရန်မှလွတ်ကင်းရန် အလွန်လျင်မြန်စွာ ပြေးလွှားသွားနိုင်သောကြောင့် ဒရယ်၊ ချေ၊ စိုင်၊ ဆတ် တို့ကဲ့သို့ပင် ခြေမြန် သတ္တဝါဟုခေါ်သည်။
များသောအားဖြင့်သမင်ဟူသမျှသည် သစ်ရွက်၊သစ်ညွန့်၊သစ်ညှောက်၊ မြက်ပင်စသည်တို့နှင့်တကွရေညှိ၊ အရည်ရွှမ်းသော အပင်၊ အသီးစသည်တို့ကို အမှီပြုစားသောက်အသက်မွေးကြလေသည်။ ယင်းတို့ကိုယဉ်ပါးအောင်လည်း လွယ်ကူစွာပင်ပြုလုပ်သင်ကြားနိုင်သည်။ သမင်ငယ်ကလေးများသည် ပုံပန်းအားဖြင့် မိဘဖြစ်သော သမင်တို့နှင့်တူညီသော်လည်း ကိုယ်ပေါ်၌အပြောက်အစင်း အကြားများဖြစ်လျက်ရှိတတ်သည်။ သမင်မွှေးသည် သိပ်သိပ်သည်းသည်းမရှိ၊ ပါး၍အနည်းငယ်ကြမ်းသည်။ သမင်ဖို၏ အရောင်သည် သမင်မ၏ အရောင်ထက်ပိုရင့်သည်။ ယင်းတို့သည်ရာသီဥတုအလိုက်လည်း အမွှေးအရောင်ပြောင်းတတ်သေးသည်။ အေးသည့်ရာသီတွင်အမွှေးရောင်ရင့်၍ နွေရာသီ တွင်အရောင်ဖျော့ကာ ဝါညိုညိုအရောင် ဖြစ်လာသည်။ပထမအစုတွင်အာရှတိုက် ဟိမဝန္တာ စသောတောတောင် ဒေသများ၌ တွေ့မြင်ရသော ကတိုးသမင်တစ်မျိုးတည်းသာ ပါရှိသည်။ ဤအာရှတိုက်ကတိုးသမင် မျိုးသည် ဦးချိုမရှိသည်သာမက ထင်ရှားသော ကတိုးဂလင်းများ ပါရှိလေသည်။ ယင်းကတိုးသမင်များကို ကတိုးကောင်ဟုလည်း ခေါ်သေးသည်။

ဒုတိယအစုကြီးတွင်မူ ကျန်သောသမင် အားလုံးပါရှိ၏။ ဤဒုတိယသမင်မျိုးကို ဩစတြေးလျတိုက်၊ နယူးဇီလန်ကျွန်း၊ အာဖရိကတောင်ပိုင်းဒေသနှင့် မက်ဒါဂက်စကာကျွန်းများမှလွဲ၍ မည်သည့်အရပ်တွင်မဆို နေရာမရွေး တွေ့ရှိရတတ်သည်။ သမပိုင်းဒေသများရှိ သမင် များသည် အပူပိုင်းဒေသရှိသမင်တို့ထက် အရွယ်အစား တွင်သော်လည်းကောင်း၊ အလှအပအသွင်ပြင်တွင်သော်လည်း ကောင်း၊ များစွာသာလွန်သည်။ သို့သော်လည်း သမပိုင်းဒေသရှိသမင်များထက်မညံ့လှသော အပူပိုင်းသမင်မျိုးလည်း ရှိပေသေးသည်။ ထိုသမင်မျိုးမှာ အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံများတွင် ရှိတတ်သည့် အက်ဇစ်ခေါ် သမင်ပြောက်မျိုးဖြစ်သည်။သို့ရာတွင် အများအပြားလိုသောပစ္စည်းမဟုတ်သဖြင့် စီးပွားရေး အလို့ငှာသမင်များကို ဖမ်းယူသတ်ဖြတ်ခြင်းမရှိချေ။ သမင် သားကိုစားလျှင် သမင်ကွက်ခေါ် အရေပြားရောဂါတစ်မျိုး ဖြစ်တတ်သည်ဟု အများကအယူရှိကြသဖြင့် လူတိုင်းမစားကြ သောကြောင့် ယင်းကိုအသားအလို့ငှာသတ်ဖြတ်သူနည်းပြီးလျှင် အပျော်ထမ်းတောလိုက်ရင်း ဖမ်းယူသတ်ဖြတ်ခြင်း ခံရမှုသာရှိလေသည်။ ၁၉၅၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းမှုအဖွဲ့ကြီး၏ညီလာခံ၌ မြန်မာနိုင်ငံရှိ သမင် အကောင်ရေစာရင်းကိုတင်ပြရာ မြန်မာနိုင်ငံ၌ သမင်မျိုး တိမ်ကောမည်ကို စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်း ဆုံးဖြတ်ကြသည်။[၁]Screenshot_20181206-130913.jpg

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 65937.67
ETH 1937.80
USDT 1.00
SBD 0.49