စကားပုံလေးတစ်ခု ၁

in #writing8 years ago

လယ်ထွန်သွားနွားမေ့ ဟူသော စကားပုံသည် မြန်မာ့လယ်ယာ လုပ်ငန်းခွင်မှဆင်းသက်လာသော စကားပုံ ဖြစ်ပါသည်။ တောင်သူဦးကြီးတို့ လယ်ယာလုပ်ကိုင်ရာတွင် ထွန်ထယ် ကျွဲနွား တို့ သည် အဓိက အရေးပါသော လယ်ယာသုံး ပစ္စည်းများဖြစ်သည်။ ထိုသို့ မရှိမဖြစ် လိုအပ်သော အရာတို့ ကို လယ်တောယာတောသွားလျှင် မေ့ကျန်ခဲ့ပါက လုပ်ငန်းပြီးမြောက်အောင်မြင်တော့မည် မဟုတ်ပေ။ထို့ အတူ ကိစ္စရပ်တစ်ခုကို ဆောင်ရွက်ရာတွင် အဓိက အဗရးပါသောအကြောင်းအရာ အသုံးအဆောင်တို့  မေ့ကျန်နေပါက ထိုကိစ္စမှာ ပြီးမြောက်အောင်မြင်မည် မဟုတ်ပေ။ထို့ ကြောင့် အရာရာမေ့လျော့ပေါ့ဆခြင်း သတိလက်လွတ် ဖြစ်တက်ခြင်းတို့ ကို သတိပေးသော သာဓကဆောင်သည့် အနေဖြင့် လယ်ထွန်သွားနွားမေ့ ဟု ဆိုစမှတ်ပြုခဲ့ကြခြင်း ဖြစ်ပါသည်။
Picture_12_Leopard.jpg

Sort:  

ဦးလေး ပိုစ့် စတင်ပြီလား
သင်ပေးအုံး

This post received a $0.420 (58.34%) upvote from @upvotewhale thanks to @ntamntam! For more information, check out my profile!

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.054
BTC 71314.62
ETH 2114.24
USDT 1.00
SBD 0.49