စာဖတ်
" အချစ်ကဘဝမဟုတ်ဘူးလေထိုကြာင့်မချစ်နဲ့ဘဝကချင်ပေါင်ရွက်ဆိုရင် ခဉ်ရည်ကြိုသောက်ဖြစ်မယ်ဘဝနဲ့ ပင်ပေါင်ကစားပွဲ အတော်တူတယ်
ကိုယ်မှန်ရင်လည်း ကိုယ် အမှတ်ရတယ်
ကိုယ်နဲ့ယှဉ်ပြိုင်နေတဲ့သူက မှားရင်လည်း
ကိုယ်အမှတ်ရတယ် "
တစ်နေ့တွင် ကျွန်မက လောကဓံနှင့်သက်ဆိုင်သည့် သာဓကများအကြောင်းကို တပည့်ကြီးတစ်ယောက်အား ပြောပြနေမိသည်။ကံကောင်းအောင် ကြိုးစားသူသည် ပထမဦးစွာ မိမိကိုယ်ကို ကောင်းစွာဆောက်တည်သင့်သည့်အကြောင်းကို ကျွန်မ ပြောပါသည်။ကံအလှည့်မသင့်သေးသည့်အချိန်ဖြစ်လျှင် ကောင်းကျိုးချမ်းသာကို ချက်ချင်းမရနိုင်။သို့ သော် မိမိကိုယ်ကို ကောင်းစွာဆောက်တည်ထားသောသူသည် ကောင်းသည့်အလုပ်များကို ကြိုးစားလုပ်ဆောင်နေမည်ဖြစ်သောကြောင့် ကံအလှည့်သင့်သည့်အချိန်တွင် ကောင်းသည့်အလုပ်များ အထုပ်အပိုးနှင့် အကျိုးပေးလိမ့်မည်ဆိုသည့် သဘောမျိုးကို ကျွန်မ ပြောပါသည်။ ထိုအချိန်တွင် ကျွန်မတပည့်ကြီးက " ဆရာမ၊ပင်ပေါင်ကစားနည်းကို သိသလား "ဟု ကောက်ကာငင်ကာ မေးပါသည်။အားကစားတွင် အလွန်ညံလှသည့် ကျွန်မက "မသိဘူး "ဟု ဖြေရပါသည်။ကျွန်မ၏ တပည့်ကြီးက ပြောပါသည်။ " ပင်ပေါင်ကစားပွဲမှာ အမှတ်ရေတွက်တာ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်၊ဘဝနဲ့ ပင်ပေါင်ကစားပွဲနဲ့ အတော်တူတယ်။ကိုယ်က ပင်ပေါင်ဘောလုံးကလေးကို တစ်ဖက်ကိုရိုက်ပြီး ပေးလိုက်တဲ့အခါမှာ စည်းဝိုင်းထဲကို ကျရဲ့သားနဲ့ တစ်ဖက်ကဖမ်းပြီး ပြန်မရိုက်လိုက်နိုင်ရင် အဲဒီတစ်ဖက်လူသာ အမှတ်မရတာမဟုတ်ဘူး။တစ်ဖက်လူရဲ့အမှားအတွက် မှန်နေတဲ့သူက အမှတ်ရတယ်။ဆိုကြပါစို့ ။သူက ပင်ပေါင်ဘောလုံးကလေးကို ရိုက်လိုက်တဲ့အခါမှာ ပိုက်ကိုထိပြီး သူ့ဘက်ကိုပြန်ကျရင် သူသာ အမှတ်မရတာ မဟုတ်ဘူး။ကိုယ်က သူ့အမှားအတွက် အမှတ်ရတယ်။သူရိုက်လိုက်တဲ့ ပင်ပေါင်ဘောလုံးကလေးက ပိုက်ကိုကျော်လာပါရဲ့၊ကိုယ်ဘက်က စည်းဝိုင်းထဲကို မကျဘဲ အပြင်ဘက်ကျသွားရင်လည်း သူ အမှတ်မရဘူး။ကိုယ်ကတော့ သူ့အမှားအတွက် အမှတ်ရနေတတ်တယ်။ ဘဝဆိုတာလည်း ဒီလိုပါပဲ။ကိုယ့်ဘက်က မှန်အောင်သာ ကြိုးစားနေရမှာပဲ။ကိုယ်မှန်ရင်လည်း ကိုယ်အမှတ်ရတယ်။ကိုယ်နဲ့ယှဉ်ပြိုင်နေတဲ့သူ မှားရင်လည်း ကိုယ်အမှတ်ရတာပဲ။အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က မမှားအောင် ကြိုးစားရမှာပဲ။ကိုယ်မှားရင်လည်း တစ်ဖက်ကအလိုလို အမှတ်ရသွားမှာ။အဲဒီတော့ ကိုယ့်ဘက်ကိုသာ မမှားအောင် ဂရုစိုက်ရလိမ့် " ဟု တပည့်ကြီးက ပြောပါသည်။ ကျွန်မသည် ကျွန်မပြောနေသောစကားကိုပင် မေ့သွားမိသည့်အထိ သက်ငယ်စကားကို အလေးအမြတ်ထားကာ စဉ်းစားမိပါသည်။ဟုတ်ပေသားပဲ။ ဆောက်တည်ထား၍ အမှတ်များရသလို မဆောက်တည်သည့် ကိုယ်နှင့်သက်တူရွယ်တူ အဆင့်တူများကြားတွင်လည်း(သူတို့ ကြောင့်)ကိုယ်က အမှတ်များရလာနိုင်ပါသည်။အမယ်...ဒီလိုဆိုတော့ လောကကြီးဟာ အတော်တရားမျှတတာပါပဲကလားဟု တွေးမိပါသည်။ ကိုင်း...ကျွန်မ ကြားမိသော သက်ငယ်စကားကို ကျွန်မရေးသား တင်ပြပြီးပါပြီ။ဖတ်မိသည့်ခဏတွင် "ဟုတ်လိုက်လေ " ဟုတွေးမိ ပြောမိသည့်သူများ များလိမ့်မည်ဟု ကျွန်မမျှော်လင့်ပါသည်။မိမိတို့ အမှားကြောင့် တစ်ပါးသူများ အမှတ်ရကာ မိမိ၏သိက္ခာ ကျမသွားစေဖို့ ကတော့ မိမိ၏တာဝန်သာ ဖြစ်ပါတော့သည်။ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) မှတ်သားမိသော စကားများ စာအုပ်မှ ကောက်နုတ်ထားပါသည်။ဘာရယ်ညာရယ်မဟုတ်ကော်ပီကူးတယ်လေ ခ်ခ်။အားလုံးအဆင်ကြေပါစေဗျာ။
@shwelayaung
Nice post i am reblog thank you အရမ်ကြိုက်
ပုဂံကို ချစ်သလိုလိုနဲ့ နည်းမျိုးစုံသုံးပြီး ဖျက်ဆီးခဲ့ကြတာ များလှပါပြီ။ မိမိအကျိုးစီးပွားတွေ အတွက်နဲ့