🎏

in #zappl6 years ago

မထေရ်မြတ်တို့ စကားဝိုင်းမှ ဗုဒ္ဓမြတ်စွာချီးမွမ်းသော ဝိပဿနာ


ဝိပဿနာဘာဝနာသည်ကား အဂ္ဂသာဝက မဟာသာဝက
များနှင့်တကွ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် သဘောတူ ချီးမွမ်း
တော်မူခဲ့ကြဖူးသည် ။ ဝိပဿနာဘာဝနာကို သဘောတူချီမွမ်း
ပုံကို မူလပဏ္ဏာသ ပါဠိတော် မဟာယမကဝဂ် မဟာဂေါသိင်္ဂ
သုတ်၌လာသည်ကို အတိုချုပ်အားဖြင့် ဖေါ်ပြပေအံ့ ။

     အခါတပါး၌  ရှင်သာရိပုတ္တရာအရှင်မြတ်က  အရှင်အာနန္ဒာ

အားမေးတော်မူသည်မှာ ဤအင်ကြင်းတောကြီးသည် အပွင့်တို့
ဖြင့် တစ်တောလုံး ကြည့်ရှုတင့်တယ် မွေ့လျော်ဖွယ်ရာ ဖြစ်
လျက်ရှိ၏ ။ ထိုမျှ လှပတင့်တယ် ပင်လုံးကျွတ်ပွင့်ကုန်သော
အင်ငြ်းတောကြီးကို ပို၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်
စုံရန် အဘယ်ကဲ့သို့ပြုရသော် ကောင်းမည်ထင်သနည်းဟု
မေးတော်မူ၏ ။

( ၁ ) ထိုအခါ အရှင်နန္ဒာက - " အစ၏ကောင်းခြင်း အလယ်၏
ကောင်းခြင်း အဆုံး၏ကောင်းခြင်းနှင့် ပြည့်စုံသောတရား
တော်တို့ကို ဟောပြောနာကြားပြီးကာ ဝိပဿနာဘာဝ
နာကို အားထုတ်ကြပါက ဤလှပတင့်တယ် ပျော်မွေ့
ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ပင် ကျက်
သရေမင်္ဂလာကို ဆောင်ဖွယ်ဖြစ်ပါသည်ဘုရား " ဟု
လျှောက်ထား၏ ။

( ၂ ) ထို့နောက် အရှင်ရေဝတကို မေးတော်မူသောအခါ အရှင်
ရေဝတက - " သမထကိုအားထုတ်ကာ ဈာန်ဝင်စားပြီး
လျှင် ဝိပဿနာ ဘာဝနာကို အားထုတ်ကြပါက ဤလှ
ပတင့်တယ် မွေ့လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီး
သည် ပို၍ တင့်တယ် မင်္ဂလာရှိဖွယ် ဖြစ်ပါသည်ဘုရား "
ဟု လျှောက်ထား၏ ။

( ၃ ) ထို့နောက် အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို မေးတော်မူသော
အခါ အရှင်အနုရုဒ္ဓါမထေရ်မြတ်က - ဒိဗ္ဗစက္ခုအဘိညာဉ်
ဖြင့် သတ္တဝါအနန္ဒ၏ ဆင်းရဲဒုက္ခကို ခွဲခြမ်းစိတ်ဖြာ
ကြည့်ရှု၍ သံဝေဂဖြစ်ကာ ဝိပဿနာဘာဝနာကို ပွါး
များရသော် ဤအင်ငြ်းတောကြီးသည် ပို၍ သာယာကာ
ကျက်သရေကို ဆောင်မည် ဖြစ်ပါသည်ဘုရား " ဟု
လျှောက်ထား၏ ။

( ၄ ) ထို့နောက် ရှင်မဟာကဿပကို မေးတော်မူသောအခါ
" ဓူတင်ကိုဆောင်လျက် ဝိပဿနာဘာဝနာတရား အား
ထုတ်ကြရပါလျှင် ဤပင်လုံးကျွတ် ပွင့်နေသောအင်ကြင်း
တောကြီးသည် ပို၍ ကျက်သရေမင်္ဂလာ ရှိဖွယ်ရာပါဘု
ရား " ဟု လျှောက်ထား၏ ။

( ၅ ) ထို့မှတဖန် ရှင်မောဂ္ဂလာန် အလှည့်တွင် ရှင်မောဂ္ဂ-
လာန်ကိုတော်မြတ်ကြီးက လျှောက်ထားသည်မှာ " ဤ
အင်ကြင်းတောကြီး၌ အဘိဓမ္မာတရားကို ဆွေးနွေးမေး
မြန်း ဖြေဆိုကြပြီးကာ ဝိပဿနာဘာဝနာကို ကြိုးစား
အားစားထုတ်ကြပါမူကား ပို၍ တင့်တယ်မွေ့လျော်ဖွယ်
ဖြစ်ပါသည် ဘုရား " ဟု လျှောက်ထား၏ ။

( ၆ ) ထို့နောက် ရှင်သာရိပုတ္တရာ မထေရ်အား မေးလျှောက်
ကြသည်မှာ တပည့်တော်တို့ကား မိမိတို့ဆန္ဒကို ဖြေဆို
ခဲ့ပြီးလေပြီ ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဆန္ဒက
အဘယ်ပါနည်းဟု မေးကြကုန်၏ ။ ထိုသိုအခါ အရှင်သာ
ရိပုတ္တရာ မထေရ်မြတ်က ဖြေဆိုတော်မူသည်မှာ " စိတ်
၏အလိုသို့ မလိုက်ဘဲ သီလ သမာဓိ၌ တည်ရှိနေလျက်
ဝိပဿနာဘာဝနာကို အားထုတ်ရသော် ဤပင်လုံး
ကျွတ် လှပ သာယာစွာ ပွင့်နေသော အင်ကြင်းတော
ကြီးသည် သာ၍ပင် တင့်တယ် မွေ့လျော်ဖွယ် ဖြစ်ရာ
၏ " ဟု ဖြေဆိုတော်မူ၏ ။

#ဤ၌သိရန်မှာကား -----

( ၁ ) အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ပညာအရာ
၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏

( ၂ ) အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးသည် တန်ခိုးကြီး
သော အရာ၌ ဧတဒဂ်ရ လက်ဝဲရံဖြစ်တော်မူ၏

( ၃ ) အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် ဓူတင်ကို
ကျင့်ဆောင်ဟောပြော တော်မူရာ၌ ဧတဒဂ်ရ မထေရ်
ဖြစ်တော်မူ၏

( ၄ ) အရှင်အနုရုဒ္ဓါ မထေရ်မှာ ဒိဗ္ဗစက္ခု အဘိညာဉ်အရာ၌
ဧတဒဂ်ရ မထေရ်ဖြစ်တော်မူ၏

( ၅ ) အရှင်ရေဝတ မထေရ်မှာ အညရကင် ဓုတင်ဆောင်သော
အရာ၌ ဧတဒဂ်ရ မထေရ်ဖြစ်တော်မူ၏

( ၆ ) အရှင်အာနန္ဒာ မထေရ်မှာကား ဗဟုသုတ , သတိမန္တု ,
ဂတမန္တု , ဓိတိမန္တု , ဥပဋ္ဌာက ဤငါးဋ္ဌာန၌ ဧတဒဂ်ရ
မထေရ်ဖြစ်တော်မူပါ၏ ။

ထိုအခါ ဤမျှနှင့် မတင်းတိမ်သေးဘဲ ဘုရားရှင်ထံသို့ သွား
ရောက်ကာ မိမိတို့ အသီးသီး မည်ကဲ့သို့ပြုကြလျှင် ဤအလွန်
တင့်တယ် မွေ့လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည်
ပိုမို၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံမည် ဖြစ်ကြောင်း
ထင်မြင်ချက်များကို တင်လျှောက်ကြ၍ " ရှင်တော်မြတ်ဘုရား
ကကော အဘယ်သို့ အမိန့်တော်မြတ် မှတ်တော်မူမည်ကို သိ
လိုလှပါသည် ဘုရား " ဟု မြတ်စွာဘုရားရှင်အားမေးလျှောက်
ကြကုန်၏ ။

မြတ်စွာဘုရားရှင်က မိန့်တော်မူသည်မှာ " သင်ချစ်သားတို့ --
သင်တို့ ထင်တိုင်းလည်း ကောင်းလှပါ၏ ။ ငါဘုရား၏ အလို
ကား အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ တစ်နေရာရာ
တွင် တင်ပျဉ်ဖွဲ့ခွေ နေပြီးနောက် ငါသည်တရားကိုအားထုတ်
ပါအံ့ ၊ အာသဝေါတရား မကုန်လျှင် ဤနေရာမှ မထပြီ " ဟူ
၍ ဝိပဿနာဘာဝနာကို အားထုတ်ကာနေကြခြင်းသည် ဤ
ပင်လုံးကျွတ် ပွင့်လျက်ရှိသော အင်ကြင်းတောကြီးကို ပို၍
လှပတင့်တယ် မွေ့လျော်ဖွယ် ကျက်သရေမင်္ဂလာ အဖြာဖြာ
နှင့် ပြည့်စုံသေမည် " ဟု အောက်ပါအတိုင်း ဘုရားရှင် မိန့်
တော်မူ၏ -------

   #န__တာဝါဟံ__ဣမံ__ပလ္လင်္ကံ__ဘိန္ဒိဿမိ__ယာဝ__မေ__နာနုပါဒါယ__အာသဝေဟိ__စိတ္တံ__ဝိမုစ္စိဿတီတိ
      
  ( မူလပဏ္ဏာသပါဠိတော် ၊ မဟာဂေါသိင်္ဂသုတ်  နှာ -  ၂၈၁ )

" မေ ၊ ငါ၏ ။ စိတ္တံ ၊ စိတ်သည် ။ ယာဝ ၊ အကြင်မျှလောက်
ကာလပတ်လုံး ။ အနုပါဒါသ ၊ ခန္ဓာငါးပါးတွင် တစ်ပါးသော
ခန္ဓာကိုမျှ တဏှာ မာန ဒိဋ္ဌိ တို့ဖြင့် ( ငါ၏ခန္ဓာ ငါ၏ကိုယ် )
ဟူ၍ မစွဲယူဘဲ ။ အာသဝေဟိ ၊ အာသဝေါတရားလေးပါးတို့မှ
န ဝိမုစ္စိဿတိ ၊ မလွတ်မြောက်သေး ။ တာဝ ၊ ထိုမလွတ်
မြောက်သေးသမျှ ကာလပတ်လုံး ။ အဟံ ၊ ငါသည် ။ ဣမံ
ပလ္လင်္ကံ ၊ ဤဖွဲ့ခွေနေသော ထက်ဝယ်တင်ပျဉ်ကို ။ န ဘိန္ဒိဿာမိ ၊ မဖျက်တော့အံ့ ။ ဣတိ ၊ ဤသို့ ။ စိတ္တံ ၊ စိတ်ကို ။ နိက္ခိပိတွာ ၊ ချ၍ ။ နိသီဒတိ ၊ နေ၏ " ဟု ဘုရားရှင် မိန့်
တော်မူ၏ ။

         ဤသို့လျှင်  အဂ္ဂသာဝက   မဟာသာဝကများနှင့်တကွ

မြတ်စွာဘုရားကိုယ်တော်တိုင် ဝိပဿနာဘာဝနာတရား ပွါးများ
အားထုတ်ခြင်းသည် " အကောင်းဆုံး အမွန်မြတ်ဆုံး သာယာ
မွေ့လျော်ဖွယ် အရှိဆုံး ၊ ကျက်သရေ မင်္ဂလာအဖြာဖြာ အတိုး
တက်ဆုံး " ဟူ၍ တစ်နေရာတည်းတွင် တစ်သဘောတည်း
ချီးမွမ်းမိန့်တော်မူခဲ့ကြလေပြီ ။

image

@elay

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60915.52
ETH 3364.88
USDT 1.00
SBD 2.48