အခါတန်ခူး သင်္ကြန်

in #myanmar6 years ago

image
ပိတောက်တစ်ခက် အနားမှာ ချလို့ပေါ့
အထီးကျန် ခြင်းကတော့ မူးယစ်နေလေရဲ့ နွေလေပူ သက်ပြင်းချချိန် တမာရနံ့က နှစ်သိမ့်ခြင်းနဲ့ ဖေးကူလို့ အသံကြားရာ ကြည့်မိတော့ ငုဝါ တို့လည်း ယိမ်းကနေကြပီလေ နောက်နှစ်သင်္ကြန် ဒီချိန်ခါမှာ မင်းရယ်ကိုယ်ရယ် လက်အတူတွဲလို့ သင်္ကြန်တွင်းမှာ လျှောက်လည်ပစ်မယ် ပိတောက်တွေလည်း အားကျ တမာတွေလည်းကခုန် ငုဝါတို့လည်း ယိမ်းသမဖြစ်ကြစေသား... ဒီနှစ်အတွက် ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်တော့ steemitပေါ်ကနေ လောင်းလိုက်ပြီးနော်
မောင်လောင်းတဲ့သင်္ကြန်ရေနဲ့ အေးမြပါသား။ ​ဆောင်းကုန်​လို့ ​နွေကူးစ တန်​ခူးလရာသီက နှစ်​​ဟောင်းကုန်​၍ နှစ်​သစ်​သို့ ကူး​သောကာလ အလှထူးသည့်​ ဤတန်​ခူးလ ရာသီတွင်​ နှစ်​ကျင်းပမြဲဖြစ်​​သော အတာသင်္ကြန်​ပွဲ​တော်သည်​ တန်​ခူးလ၏အလှကို အဓိကဖြည့်​စွက်​​ပေး​နေသည်​။ အတာ ဟူ​သောအဓိပ္ပါယ်​မှာ ကူး​ပြောင်းခြင်းဟူ၍​ ကောက်​ယူကြသည်​။ ကူး​ပြောင်းခြင်း အဓိပ္ပါယ်​ရသဖြင့်​ အတာသင်္ကြန်​ဟု သမုတ်​​ခေါ်တွင်​သည်​ဟု ကျွန်​​တော်​ထင်​မိသည်​။ ကျွန်​​တော်​သည်​ ဤတန်​ခူးလရာသီသို့​ရောက်​​လေတိုင်း သင်္ကြန်​ပွဲ​တော်​ကျမည့် ရက်​ကို လက်​ချိုးရေတွက်​ရသည်​မှာ အ​မောပင်​ဖြစ်​သည်​။ နှစ်​စဉ်​နှစ်​တိုင်း သင်္ကြန်​ရက်​များအတွင်းတွင်​ မြို့တွင်း၌ ​ရေပတ်​ခံလှည့်​လည်​ကာ နှစ်​သစ်​ကို အ​ပျော်​သက်​သက်​ဖြင့်​ ကုန်​ဆုံး​စေခဲ့သည်​။ ယခင်​ပြီးခဲ့သည့်​နှစ်​တွင်​ တမူထူးခြားလှသည်​။ ထိုအ​ကြောင်း​တွေကို မိုးမခချစ်​သူ​တွေ​ကို ဖောက်​သည်​ပြန်​ချ​ပေးခြင်းဖြစ်​သည်​။ ကျွန်​​တော်​၏ စာ​ရေး​ဖော်​မိတ်​​ဆွေ ဆရာမ နွိုင်​သဲနီ၏ဖိတ်​ကြားမှုအရ ကျွန်​​တော်​သည်​ ဆရာမ၏ဇာတိဖြစ်​​သော ​ကျောက်​ပန်း​တောင်းမြို့နယ်​၊ ဘုရားကြီးကုန်းရွာ​လေး သို့ သင်္ကြန်​မတိုင်​မှီကပင်​ ဆရာမနှင့်​အတူ​ ရောက်​ရှိ​နေခဲ့သည်​။ ကျွန်​​တော်​၏စိတ်​ဘဝတွင်​ ​ကျေးလက်​သင်္ကြန်​ဖြစ်​၍ ​ပျော်​မှ​ပျော်​ရပါ့မလားဆိုပြီး စိုးရိမ်​စိတ်​တို့ကသာ လွှမ်းမိုး​နေ​ပေသည်​။ သို့​သော်​လည်း ဘုရားကြီးကုန်းရွာ​လေးက ကျွန်​​တော့်​အား ထူးခြားလှသည့်​ တန်​ခူးလရာသီအလှနှင့်​ စတင်​မိတ်​ဆက်​​ပေးသည်​။ ဘုရားကြီးကုန်းရွာ​လေး၏ အလှနှင့်​စာဖွဲ့မကုန်​နိုင်​​သောတန်​ခူးလရာသီအလှတို့က တင့်​တယ်​စွာယှဉ်​တွဲ၍ လှ​ပေသည်​။
image
“​ဟေ့…. မိချိုရေ မြို့ကဧည့်​သည်​ ​ခေါ်ခဲ့ပါအုံးဟ”
“ထန်းလျက်​နဲ့ ​ရေ​နွေးကြမ်း​လေး တိုက်​ချင်​လို့ပါ”
မိချိုဆိုတာ ​တော့ ရွာခံ​ဒေသကလူ​တွေက ဆရာမ နွိုင်​သဲနီအား အချစ်​စနိုးဖြင့်​​ခေါ်​သော နာမည်​ဖြစ်​သည်​။ အဘဦးဖိုးကွန်း ခြံ​ထောင့်​ရှိ ပိ​တောက်​ပင်​ကြီးမှာလည်း ပင်​လုံးညွတ်​မျှ ထိန်​ထိန်​​ဝေပွင့်​ဖူး​နေကြပြီဖြစ်​သည်​။ ကျွန်​​တော်​အ​နေနှင့်​ အဘဦးဖိုး ကွန်း​ကျွေး​သော ထန်​လျှက်​နဲ့ ​ရေ​နွေးကြမ်း​သောက်​ရင်း ​ကျေးလက်​သင်္ကြန်​ပွဲကို ပါဝင်​ဆင်​နွှဲရန်​ ​ပျော်​ရွှင်​စပြုလာသည်​။သင်္ကြန် ​အကြို​နေ့တွင်​​ရေပက်​ကစားသူတို့မှာ သ​ပြေခက်​များဖြင့်​ တဦးကို တဦး နံ့သာ​ရေများဖြင့်​ပက်​ဖျန်းကာ ဘုရားကြီး ကုန်းရွာလေး၏ သင်္ကြန်​ကိုဖွင့်​လှစ်​လိုက်​သည်​။ ရွာလည်​ရှိ စု​ပေါင်း​ရေပက်​မဏ္ဍပ်​မှာလည်း မြို့​ပေါ်ကဲ့သို့​ ရေပက်​ခံကားများ မရှိ​သော်​လည်း ​ရေပက်​ခံလည်းများဖြင့်​ စည်​ကားလှ​ပေသည်​။ ဗုတို၊ မိပန်း၊ တာ​တေ စသည့်​ သူတို့က​လေးတသိုက်​က လည်း ​အတာသင်္ကြန်​ကို ပါဝင်​ဆင်​နွှဲကာ ​ပျော်​မဆုံး တပြုံးပြုံးဖြစ်​​နေကြသည်​။ သူတို့က​လေး​တွေ၏စိတ်​ထဲတွင်​ သင်္ကြန်​ရက်​​လေးများကုန်​ဆုံးသွားမည်​ကို နှ​မြောစိုးရိမ်​​နေပုံသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ဗုတိုဆို​သော်​က​လေးက ရွာဦး​စေတီ ဘက်​သို့လှည့်​ကာ လက်​အုပ်​က​လေးချီပြီး “သကြားမင်းကြီး​ ဆေးတံ​မေ့လို့ ပြန်​လာယူပါ​စေ” ဟု ဆု​တောင်း​နေသည်​။ အင်္ကြန်​ အကြတ်​​နေ့မှာ စတုဒီသာ​​တွေ​ ကျွေးကြသည်​။ သာ​အေးတို့ ကာလသားတသိုက်​ကလည်း အဘဦးဖိုးကွန်း၏ ပိ​တောက်​ပင်​မှ ပိ​တောက်​ပန်းများကို ခဲရာခဲဆစ်​ခူးယူကာ ကွမ်း​တောင်​ကိုင်​​ရွှေမိတို့အပျိုတသိုက်​ကို ပိုး​ကြေး ပန်း​ကြေး ​ပေး​နေကြသည်​။ သင်္ကြန်​ အကြို၊ အကျ၊ အကြတ်​၊ အတက်​၊ နှစ်​ဆန်းတစ်​ရက်​သို့ ကူး​ပြောင်းလာခဲ့သည်​။ ထို့​နေ့တွင်​ နံနက်​ပိုင်း မှာ သက်​ကြီးပူ​ဇော်​ပွဲကျင်းပကြပြီး ည​နေပိုင်းမှာ​တော့ ဘုန်း​တော်​ကြီးများပင့်​ဖိတ်​ကာ ပရိတ်​တရားနာယူကြသည်​။ ဤနည်း ဖြင့် ဘုရားကြီးကုန်းရွာ​လေး၏ နှစ်​သစ်​ကြိုပွဲ​လေး​ပြီးဆုံးခဲ့​လေပြီ။ တောင်လေ မမြူး ပိတောက် မဖူးလည်း စိတ်ကူးလေးနှင့် ရူးရသည် မြူးကြွပြီ။ ဥသြ မတွန်ကျူး ငုရွှေ မဖူးလည်း တန်ခူးတေးနှင့် မြူးကြွသည် ထူးပပြီ။ မိုးဝဠာ တင့်လျှမ်း ဧပြီဆန်းရင် သင်္ကြန်ကို မှန်း တမ်းတရသည် လွမ်းရပြီ။ နေရောင် မထိုး တိမ်မှောင် မိုးသည်း ရွာသွန်းသည့်မိုးဘသင်္ကြန်မိုးဟု သတ်မှတ်ရသည် မှတ်ရပြီ။ ရွှေပြည်တော်လည်းဝေး အပြင်ကမ္ဘာ ငေးလည်း ရင်မှာကွယ် အတွေးနှင့် အဆွေးနှင့်။ကျွန်ုပ်နှင့် နှစ်သစ်ကူး သိပ်မထူးလည်း စိတ်ကူးလေးနှင့် မြူးရသည် ထူးရပြီ။
image
လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ခိုင်ရွှေဝါ တကယ်တမ်းသာဖြင့် ဘယ်ပန်းနော် စံမတူး နန္ဒမူလိုဏ်ဂူမှာလ ပစ္စကာချွေးတော် သိပ်ရတယ် အေးရိပ်ဆာယာ တနှစ်တွင် သည် တလပေပ တလတွင် တရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ကြရှာ စုံမြိုင်တွင်း မြူမင်းလွင်ထန် ကြူသင်းဟန် ဂိန္မာန်မို့ ဆန်းသလောက်မလင်းနိုင်ဘူး အိုကွယ် ပိတောက်မင်း တနှစ်တခါ ပစ်မခွာ ချစ်သဒ္ဓါလျှမ်း မေတ္တာဖျန်းတဲ့ ကျေးလက် သင်္ကြန်။ မျိုးမြန်မာ ကြိုးရှာ ရိုးရာမပျက် တိုးကာဖက်တဲ့ ကျေးလက် သင်္ကြန်။ ဆန်းသလောက်အခင်းနဲ့ အေးကွက်အမှန် ပန်းပိတောက်သင်းတဲ့ ကျေးလက် သင်္ကြန်။ ငွေဖလားနဲ့  ဆံတောက် ကညာဆွေ ရေကစားမယ်ကွယ့် အရောက်လာသလေ မေအများရဲ့ ပိတောက်ဝါရွှေဟေ့။ အတာရေပက်ကြ အေးမြသကို နံ့သာရေစက်က မွှေးလှသဗျို။ ဆံတောက်တရစ်တို့  ရေကစားပျော် ပိတောက်ချစ်လို့  ပြည်တလွှားမော်ရှင့်။ အစဉ်ရှေးရှုကုန် တွေးဆသလေ ယဉ်ကျေးမှုဂုဏ် ရှေးကအမွေရှင့်။ တနှစ်ခွာပေါ့ အညစ်အကြေးဖယ် တနှစ်လာတော့ အသစ်ဆေးကွယ်။ အလှူဒါန ပြုကြသူငါ
လူလာသမျှ ယုယပြူငှာလေ့။ မိုဃ်းနဘံ တက်ကြွ ကျုပ်နှလုံး အဖြေပေါ် ဒိုးသံစွက်ပါ့ မုန့်လုံးရေပေါ်တော့။ ငါးလွှတ်ဆဲမို့  သူနွှဲငါပျော်
နွားလွှတ်ပွဲမို့  သူလည်းပါသတော့်။ သပြေနုနဲ့  တောင်းဆုခြွေချင် ငွေခရုနဲ့  ကောင်းမှု ဝေသရှင်။ အေးကွက်အမှန် ကျေးလက် သင်္ကြန် အလှထူးစေဖို့  မြဖူးဝေ ရွှေပိတောက်ပန်းရယ်က
ဝေမောက်လန်းဖြာ တနှစ်ဆန်းပြီကော ပြည်တလျှောက် စခန်းမှာ အသစ်လျှမ်းပါရော
နှစ်ဆန်းခါတော် တရက်နေ့မှာ သက်ကြီးဆို ပူဇော်ပွဲတွေနဲ့ ဆင်နွှဲပျော် ရိုးရာဓလေ့ကို
ကြည်မွေ့တယ်လေး။

Sort:  

Do you want me to resteem your blog post to over 32,800 followers and many viewers to get more upvotes? For more info. go here: https://steemit.com/@a-0-0

Congratulations! This post has been upvoted from the communal account, @minnowsupport, by Chai Thu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26